အောင်သူနဲ့ကျော်ကိုကိုဘယ်သူအသာရသွားမလဲ

ကျော်ကိုကိုဆိုတာမြန်မာအသင်းရဲ့အကောင်းဆုံးတိုက်စစ်

မှူးတစ်ယောက်ပါ။သူကိုယ်တိုင်လည်းနာမည်ကြီးတိုက်စစ်မှူး

ရန်ပိုင်နေရာကိုဆက်ခံခဲ့တာပါ။အခုသူ့နေရာကိုဆက်ခံမယ့်

လူပေါ်လာပါပြီ။သူကတော့လက်ရှိရတနာပုံအသင်းရဲ့

တိုက်စစ်မှူးအောင်သူပါ။လက်ရွေးစင်အသင်းမှာလည်း

သူတို့နှစ်ယောက်တွဲဆော့နေကြပါတယ်။ဗီယက်နမ်

ကလီကောင်ဗင်နဲ့ငုယင်ကောင်ဖောင်လိုပေါ့။

ဖြစ်ချင်တော့သူတို့နှစ်ယောက်ဟာမြန်မာပြည်ရဲ့

ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးကလပ်အသင်းနှစ်သင်းမှာ

တစ်သင်းစီကစားနေကြပါတယ်။ကျော်ကိုကိုကရန်ကုန်၊အောင်သူကရတနာပုံပေါ့။ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေဟာ

ဒီနှစ်သင်းတွေ့ဆုံမှုရဲ့အမှတ်လက္ခဏာလိုကိုဖြစ်နေခဲ့တာပါ။

သူတို့ဒီနှစ်မှာလည်းထပ်တွေ့ကြပြန်ပါပြီ။ဒီတစ်ခါ

တွေ့ဆုံမှုကတော့ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆီမီးဖိုင်နယ်

ပထမအကျော့မှာပါ။

သုဝဏ္ဏမှာကျင်းပမယ့်ပထမအကျော့မှာရန်ကုန်အသင်း

ကအနိုင်အတွက်ကြိုတင်ပြင်ဆင်ထားလောက်ပါပြီ။

ရန်ကုန်အသင်းမှာအီမာဆင်၊ကျော်ကိုကို၊ဒေဗစ်ထန်း၊

တို့အကောင်းဆုံးပုံစံရနေပြီးရတနာပုံကတော့အနည်းငယ်

ခြေပျက်နေပါတယ်။ဒါပေမယ့်လက်ရွေးစင်ကစားသမားတွေ

အများကြီးပါဝင်တာကြောင့်ရန်ကုန်နဲ့ခြေကအတူတူပါပဲ။

အဓိကကွင်းလယ်လူလှိုင်းဘိုဘိုပွဲပယ်ပြစ်ဒဏ်ထိထား

တာကရတနာပုံအသင်းအတွက်တော့ထိုးနှက်ချက်တစ်ခုပါ။

ရတနာပုံအနေနဲ့30ရက်နေ့ညနေ5နာရီမှာကျင်းပမယ့်

မြန်မာပြည်ဒါဘီမှာအနိမ့်ဆုံးသရေကစားသွားမယ်လို့

ထင်မြင်မိပါတယ်။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။