ဂွေးသီးကတော့ ကိုယ်တော်တို့မြန်မာတွေအကြိုက် အသီးအနှံထဲကတစ်ခုပါပဲ။မိန်းကလေးတွေကတော့ သရေစာအဖြစ်စားသုံးတာအများဆုံးတွေ့ရပါတယ်။ယခုအခါတော့ ဂွေးသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။

(၁) ကယ်လိုရီ ပါဝင်မှု လျော့နည်းခြင်း

ဂွေးသီးဟာ ကယ်လိုရီပါဝင်မှုအ လွန်နည်းပါးတဲ့ သစ်သီးတစ်မျိုးဖြစ်ပါတယ်။ ၁၀ဝ ဂရမ်အလေးချိန်ရှိတဲ့ ဂွေးသီးတွေ မှာ ၂၉ ကယ်လိုရီပဲ ပါဝင်ပါတယ်။ သ ရက်သီး ၁၀ဝ ဂရမ်မှာ ၆၄ ကယ်လိုရီပါ ဝင်တာကြောင့် သရက်သီးနဲ့ယှဉ်ရင် ဂွေး သီးမှာ ကယ်လိုရီ နှစ်ဆနီးပါး လျော့နည်းမှု ရှိပါတယ်။ ဒါကြောင့် ကယ် လိုရီများများ မရရှိဘဲ အစာစားချင်စိတ် ကို ကျေနပ်မှု ရရှိစေကာ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ရရှိ စေပါတယ်။

(၂) အမျှင်ဓာတ် ပါဝင်မှု မြင့်မားခြင်း

ဂွေးသီးမှာ အမျှင်ဓာတ် များများ ပါ ဝင်ပါတယ်။ဂွေးသီး ၁၀ဝဂရမ်ပမာဏမှာ အမျှင်ဓာတ် ၅ ဒသမ ၇ ဂရမ်ပါဝင်တာ ကြောင့် တစ်နေ့တာ လိုအပ်တဲ့ အမျှင် ဓာတ်ရဲ့ ၂၃ ရာခိုင်နှုန်း ကို ရရှိစေပါတယ်။ ဂွေးသီးမှာပါတဲ့ အမျှင်ဓာတ်ဟာ ဝမ်းမှန် မှန်သွားစေတာ၊အူမကြီးရဲ့ လုပ်ငန်းဆောင် တာကို ကောင်းမွန်စေတာနဲ့ ဝမ်းချုပ်ခြင်း ကင်းစေတာစတဲ့ အကျိုးကျေးဇူး များစွာ ရရှိစေပါတယ်။ အမျှင်ဓာတ်ဟာ အစာ ကြေညက်ခဲတာကြောင့် ဆာလောင်မှုကို ထိန်းချုပ်ထားပါတယ်။ အမျှင်ဓာတ်ပါဝင် မှုမြင့်မားတဲ့ ဂွေးသီးစား တာကြောင့် ဆီးချို သွေးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ ကို လျော့ကျစေနိုင်ပါတယ်။

(၃) ဗီတာမင်စီ ပါဝင်မှု များခြင်း

ဂွေးသီး တစ်ခွက်စာ ပမာဏမှာ ဗီ တာမင်စီ တစ်နေ့တာလိုအပ်တဲ့ အတိုင်း အတာရဲ့ တစ်ဝက်နီးပါး ပါဝင်ပါတယ်။ ဗီတာမင်စီဟာ ရေမှာပျော်ဝင်တဲ့ ဗီတာ မင်ဖြစ်ပြီး ခန္ဓာကိုယ် လုပ်ငန်း ဆောင်တာ တွေအတွက် လိုအပ်ပါတယ်။ ကော်လာ ဂျင်တည်ဆောက်မှုအတွက် လိုအပ်သ လို အနာကျက်စေပါတယ်။ ဗီတာမင်စီ က အရေးကြီးတဲ့ အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး ဆဲလ်တွေကို ဖရီးရယ်ဒီ ကယ်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာ ကွယ်ပေးကာ နှလုံးရောဂါနဲ့ ကင်ဆာဖြစ် နိုင်ခြေကို လျော့ကျစေပါတယ်။ ဗီတာ မင်စီဟာ ကိုယ်ခံစွမ်းအားစနစ် ကျန်းမာ ရေးအတွက် အရေးပါသလို ခန္ဓာကိုယ် က သံဓာတ် စုပ်ယူနိုင်အောင်လည်း ကူ ညီပါတယ်။

(၄) သံဓာတ် ပါဝင်မှု များခြင်း

ဂွေးသီးမှာ သံဓာတ်ပါဝင်မှု မြင့်မား ပါတယ်။ သံဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်ပို့ဆောင်ရေးအတွက် မရှိ မဖြစ် သတ္တုဓာတ်တစ်မျိုးပါ။ ကမ္ဘာပေါ် မှာ သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရော ဂါ အဖြစ်များပါတယ်။ ဂွေးသီး ၁၀ဝ ဂ ရမ်မှာ သံဓာတ် ၃ ဒသမ ၂ မီလီဂရမ်ပါ ဝင်တာကြောင့် တစ်နေ့တာ လိုအပ်တဲ့ သံဓာတ်ပမာဏရဲ့ ၁၈ ရာခိုင်နှုန်းကို ရရှိ စေပါတယ်။

(၅) ကယ်လ်စီယမ် ပါဝင်ခြင်း

ဂွေးသီး ၁၀ဝ ဂရမ်မှာ ကယ်လ်စီ ယမ် ၃၂ မီလီဂရမ်ပါဝင်တာကြောင့် တစ် နေ့တာ လိုအပ်တဲ့ ပမာဏရဲ့ သုံးရာခိုင် နှုန်းကို ရရှိစေပါတယ်။ ကယ်လ်စီယမ် ဟာ အရိုးတွေ ကို သန်စွမ်းကျန်းမာစေတဲ့ သတ္တုဓာတ်တစ်မျိုးပါ။ ပုံမှန်ကြွက်သား လုပ်ငန်းတွေနဲ့ နာ့ဗ်သယ်ယူပို့ဆောင်ရေး အတွက် ကယ်လ်စီယမ် အလုံအလောက် မှီဝဲဖို့ လိုအပ်နေပါတယ်။

ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုနိုင်ကြပါစေ...................ကျေးဇူးတင်ပါတယ်

သတင်းအရင်းအမြစ်-ကျန်းမာရေးဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။