တောင်ဥက္ကလာပမြို့တွင် ကိုးတန်းကျောင်းသားများရနဖြစ်ရာ သုံးဦးဓားဖြင့် အထိုးခံခဲ့ရကြောင်းသိရှိရသည်။ သတင်းအစုံလင်မှာ ကျောင်းဝင်းအတွင်း စကားများဖူးသည့်ကိစ္စနှင့်ပတ် သက်ပြီး နဝမတန်းကျောင်းသား လေးဦးခိုက်ရန်ဖြစ်ပွားရာမှ ဓားထိုးခံရသောကြောင့် သုံးဦးဒဏ်ရာရရှိခဲ့သည်။

တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)အခြေခံပညာအထက် တန်းကျောင်းတွင် တက်ရောက် နေသည့် အတန်းတူနဝမတန်း ကျောင်းသားလေးဦးသည် စက်တင်ဘာ ၂၇ ရက် နေ့လယ် ၃ နာရီ ခွဲခန့်က ကျောင်းလမ်းမပေါ်၌ ရန်ပွဲဖြစ်ပွားခဲ့သည်။ ယင်း ကျောင်းသားများအနက် အသက် (၁၆)နှစ်အရွယ် နဝမတန်းကျောင်းသားက ဓားဖြင့်ထိုးသောကြောင့် ကျန်ကျောင်းသားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း တောင်ဥက္ကလာပမြို့မရဲစခန်း ရဲအရာရှိတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသည့် ကျောင်း သားများကို သင်္ဃန်းကျွန်းစံပြ ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး (၁၄) နှစ်အရွယ်ကျောင်းသားနှစ်ဦးကို အတွင်းလူနာအဖြစ် တင်ပို့ကုသ ထားကြောင်း ၎င်းကဆက်လက် ပြောသည်။ ဓားဖြင့်ထိုးသည့် ကျောင်း သားကို တောင်ဥက္ကလာပမြို့မရဲစ ခန်းက ဘေးဖြစ်စေသောလက် နက်ဖြင့် အပြင်းအထန်နာကျင်စေ မှုပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်အရေး ယူထားသည်။

Source – 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။