Myanmar LED Beautyful World Festivial ပွဲတော်ကြီးကို လာမယ့် November 11 ရက်နေ့မှာ ကျင်းပမယ်လို့သိရပါတယ်။ပွဲတော်ကြီးကို ပြင်ဦးလွင်မြို့က မဟာအံ့ထူးကံသာပြည်ချစ်ဘုရားကြီးဘေးက နှစ်စဉ်ကျင်းပနေကြမီးပုံးပျံကွင်းကြီးမှာ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်နှင့်အတူ ဖွင့်လှစ်ကာ အများပြည်သူအပန်းဖြေဖို့ စီစဉ်နေပြီဟုသိရပါတယ်။ 

မဟာအံ့ထူးကံသာဘုရားရဲ့ အဝင်လမ်းမှာ လှိုဏ်ခေါင်းပုံ အမျိုးမျိုး လှုပ်ရှားနေတဲ့ မီးခုံး နှင်းကျနေတဲ့ ပုံစံမီးခုံးနဲ့ အသဲပုံ မီးခုံး အပါအဝင် ဆွမ်းအုပ်ပုံ၊ အီဖယ် မျော်စင်ပုံ၊ ဂစ်တာပုံ၊ စောင်းကောက်ပုံ ဖိနပ်ပုံ၊ ကာတွန်းပုံ၊ မီးပန်းခင်း အပါအဝင် မီးလုံးတွေနဲ့ လုပ်ထားတဲ့ မြက်ခင်း စတဲ့ အမျိုးအစား ပေါင်း (၃၀၀) ကျော် ခင်းကျင်း ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။ 

တရုတ်ပြည် ကွမ်ကျိုးမြို့မှမီးအလှဆင်နည်းပညာများ ၊ပညာရှင်များနှင့်အတူမန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ လမ်းညွှန်ပံ့ပိုးမှုနဲ့ စီစဉ်လုပ်ဆောင်နေတာလို့ သိရ ပါတယ် ။ တစ်လကြာ ကျင်းပမယ့် မီးအလှပြပွဲတော်မှာ SAFILE PHOTO ပြိုင်ပွဲ ပြုလုပ်ကာ သိန်းပေါင်းများစွာသောဆုတွေလည်း ချီးမြှင့် ပေးသွားမယ်လို့သိရပါတယ်။ဝင်ကြေး အဖြစ် လူကြီး ကျပ်(၂၀၀၀) ၊ ကလေး ကျပ် (၁၀၀၀) ပညာသင် ကျောင်းသား ကျပ် (၁၀၀၀) သတ်မှတ်ထားပြီး၊ ရဟန်း သံဃာနဲ့ သီလရှင် နဲ့ ၅ နှစ် အောက် ကလေးတွေ ကိုတော့ အခမဲ့ စီစဉ်ထားတယ်လို့သိရပါတယ်။ 

သတင်းအရင်းအမြစ်-AKT News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။