၁၉၆၅-ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် မွေးဖွားသည်။ အဖ ဦးခင်မောင်လွင်(ဆည်မြောင်းတိုင်းဦးစီးမှူး)နှင့် အမိ ဒေါ်ခင်သူဇာ(ဗဟိုတရားရုံးရှေ့နေ)တို့၏ တစ်ဦးတည်းသော သားဖြစ်သည်။ အမည်ရင်းမှာ စိုးသူလွင် ဖြစ်သည်။ ငယ်နာမည်မှာ ကိုကိုလွင် ဖြစ်သည်။မွေးချင်း ၃ ယောက် ရှိပြီး အစ်မတစ်ယောက်နှင့် ညီမတစ်ယောက်ရှိသည်။ ၁၉၉၆ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန် မှ ဆရာဝန်ဘွဲ့ကို ရရှိခဲ့သည်။

ဒါရိုက်တာ၊ စာရေးဆရာ ကျော်နိုင်၏ နံ့သာလူးချိန်၊ ပန်းဖူးချိန် ဇာတ်ကားနှင့် ပိတ်ကားပေါ် ရောက်ရှိခဲ့သော်လည်း ၁၉၈၃ ခုနှစ်တွင် မိုက်ကြွေးမိုက်ပြစ်' ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အနုပညာလောကသို့ တရှိန်ထိုး နာမည်ကြီးလာခဲ့သည်။ ထိုကားတွင် ခိုင်ခင်ဦးနှင့် တွဲဖက်ရိုက်ကူးခဲ့သည်။ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးခွေ ရည်းစားလေး အချစ်ရဲ့မှတ်တမ်း အား၁၉၈၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။

အားကစားအနေဖြင့် ရေကူး၊ စက်ဘီးစီး၊ စကိတ်စီး၊ ဂျူဒို၊ ကရာတေးတို့လည်း ဝါသနာပါသူ ဖြစ်သည်။အနုပညာလောကမှ ခေတ္တ အနားယူပြီးနောက် အမေရိကန်ပြည်ထောင်စု Southern Maryland Hospital နှင့် Washington Hospital Center တို့တွင် ဆရာဝန် အဖြစ် တာဝန်ထမ်းခဲ့သည်။အကယ်ဒမီဆုရ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် တစ်ဦးဖြစ်သည်။မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာပြီး ပြုလုပ်ခဲ့တဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲသည် အလွန်အောင်မြင်ခဲ့ပြီး ပရိသတ်အားပေးမှုကိုအပြည့်အဝရရှိခဲ့သည်။အသက်(၅၂)နှစ်အထိနုပျိုနေခြင်းကြောင့် ပရိသတ်တွေအကြားရေပန်းစားနေသော အဆိုတော်မင်းသားတစ်ယောက်ဖြစ်သည်။

Aung

Source: Internet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။