မင်းသမီး Kylie Jenner ဟာ သူမရဲ့ ချစ်သူ Travis Scott နဲ့ ရတဲ့ သူမရဲ့ ပထမဆုံး ကလေး မွေးဖွားတော့မယ့် အချိန်မှာ ကိုယ်ဝန်အတွက် သူမ ရဲ့ အမေဖြစ်သူ Kris Jenner နဲ့ ညီအစ်မဖြစ်သူ Kim Kardashian ဆီက အကြံဉာဏ်တွေ တောင်းခံနေပါတယ်။ သူမ အနေနဲ့ ဒီကိုယ်ဝန် နဲ့ပတ်သက်ပြီး ကလေးမီးဖွားဖို့ နဲ့ သူမအနေနဲ့ ဘာဆက်လုပ်ရမလဲ ဆိုတာကို ဆုံးဖြတ်ဖို့ သူမ ရဲ့ အမေ နဲ့ ညီအစ်မ ဆီက အကြံဉာဏ်တောင်းခံခဲ့ပါတယ်။

Jenner ကတော့ သူမရဲ့ အငယ်ဆုံး သမီး လေး ရဲ့ Scott နဲ့ ရတဲ့ ကလေးမီးဖွားဖို့ ဆုံးဖြတ်ချက် ကို အားပေးခဲ့ပါတယ်။ သူမ အမေနဲ့ ညီအစ်မ တွေကတော့ မင်းသမီး Kylie ကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ချစေချင်နေကြပါတယ်။ မင်းသမီး Kylie ကလည်း သူတို့ရဲ့ အကြံပေးချက်ကိုလက်ခံ ခဲ့ပါတယ်။

မင်းသမီး Kylie Jenner ဟာ သြဂုတ်လ ၁၀ ရက်၊ ၁၉၉၇ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ အသက် ၂၀ နှစ်သာရှိပါသေးတယ်။ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လ်လိစ်၊ ကယ်လီဖိုးနီးယား မှာ မွေးဖွားခဲ့ပါတယ်။ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ Time မဂ္ဂဇင်း က လွှမ်းမိုးမှု အရှိဆုံးဆယ်ကျော်သက် စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ Instagram မှာလည်း follow လုပ်တဲ့ သူပေါင်း ၉၅ မီလီယံထိ ရှိပြီး ထိပ်တန်း မင်းသမီး ၁၀ ယောက်စာရင်း ၀င်သူပါ။ သူမရဲ့ အလှအပတွေ ကြောင့် မင်းသမီး Kylie Jenner ဟာ အလွန်ကျော်ကြားသူလည်းဖြစ်ပါတယ်။

Source: US Magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။