သက်မွန်မြင့်ကတော့ ပရိသတ်တွေသိရှိပြီးသားအတိုင်း တိုင်းရင်းသူအနုပညာရှင်တစ်ဦးဖြစ်ပါတယ်။အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်တဲ့ထိပ်တန်းမင်းသမီးတစ်ဦးပေါ့။ပရိသတ်တွေကို သူမဝါသနာကိုအရင်းခံပြီးကြိုးစားတင်ဆက်ခဲ့တယ့် ရုပ်ရှင်ဇာတ်ကားတွေက ဇာတ်ကောင်စရိုက်ကိုအမြဲပီပြင်စွာ သရုပ်ဆောင်တက်လို့ ပရိသတ်ရဲ့အချစ်တော် မမွန်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။

ယခုအခါမှာတော့ သရုပ်ဆောင် သက်မွန်မြင့်ရဲ့ FacebookPage လေးကတော့ စက်တင်ဘာလ ၂၇ ရက်နေ့က Like ၂၃ သိန်းပြည့်သွားပြီ ဆိုတဲ့ အကြောင်း ကို သူ့ရဲ့ Facebook Page စာမျက်နှာထက်မှာ ရေးသားထားတာကိုတွေ့ရပါတယ်။

မသက်မွန်မြင့်ကတော့ သူမရဲ့လူမှုကွန်ယှက်ပေါ်မှာ"မွန့် Page လေး like ၂၃ သိန်းပြည့်သွားပြီ! အားလုံးကို ကျေးဇူးများကြီး တင်ပါတယ်နော်!???ဆက်ပြီးတော့လည်း like များအောင် ဝိုင်း Share ပေးကြ ပံ့ပိုးပေးကြပါဦး!ဒီ Page ကို official သုံးနေမှန်းမသိကြသေးတဲ့သူတွေ ရှိမယ်ထင်ပါတယ်.. Thet Mon Myint တွေကလည်း အများကြီးရှိနေတော့လေ.. ?လူဦးရေ သန်း ၆၀ ကျော်မှာ ၂ သန်းဆိုတော့ နည်းလွန်းနေသေးတယ်လေနော်! ??"ပရိသတ်ချစ်တဲ့ မသက်မွန်မြင့်ကတော့ အရမ်းပျော်နေတာကိုတွေ့ရပါတယ်။ပရိသတ်တစ်ယောက်အနေနဲ့ အမြဲအားပေးနေတယ်ဆိုတာ မမွန်ကို သက်သေပြလိုက်တာပါပဲ........................

သတင်းအရင်းအမြစ်-သက်မွန်မြင့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။