The X- Factor Myanmar အစီအစဉ်ကြီးက မြန်မာနိုင်ငံမှာ ဒုတိယ အကြိမ်မြောက် ကျင်းပတဲ့ ပွဲကြီးတစ်ခု ဖြစ်ပါတယ်။ ပထမ အကြိမ်တုန်းကတော့ ဒိုင်လူကြီးများအနေဖြင့် စည်သူလွင်၊ ဇဝါ၊ ငယ်ငယ် နဲ့ အိမ့်ချစ်တို့က ပါ၀င်ထားကြပြီး ယခုအချိန်မှာတော့ အိမ့်ချစ်နေရာတွင် ဇမ်နူးမှ ပါ၀င်ခဲ့တာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးက ပရိတ်သတ်ကြီးတို့ရဲ့ voting စနစ်နဲ့ပဲ ရွေးချယ်တဲ့ ပွဲဖြစ်ပြီးတော့ voting အနည်းဆုံး ပြိုင်ပွဲဝင် နှစ်ဦးထဲမှသာ ဒိုင်လူကြီးများက save လုပ်ခြင်းဖြစ်ပါတယ်။ ဒီတစ်ခေါက် ထူးခြားတာကတော့ နာမည်ကြီး တေးရေးဆရာ အရိုး မှ music producer အဖြစ် ပါ၀င်မှာပဲဖြစ်ပါတယ်။ 

ပြိုင်ပွဲဝင် Final List ၁၂ ဦးကိုလည်း ရွေးချယ်ပြီးပြီမို့ ၃၀.၉.၂၀၁၇ ရက်နေ့ စနေ့နေ့ ည (၇:၄၅) မိနစ်မှ စတင်ပြီး live လွှင့်တော့မယ်ဆိုတဲ့ အကြောင်းကိုလည်း မမေ့ကြနဲ့ဦးနော်။ Final List ၁၂ ဦး နဲ့ ပတ်သက်ပြီး ပရိတ်သတ်တွေ မသိသေးတဲ့ အကြောင်းအရာလေး အချို့ကိုလည်း တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။ ပရိတ်သတ်တွေ သိချင်ကြမယ်လို့လည်း မျှော်လင့်ပါတယ်။ 

အခုလို voting number လေးတွေရော သူတို့တွေရဲ့ profile ကိုရော သိရှိပြီးပြီဆိုတော့ The X- Factor အစီအစဉ်ကို စောင့်ကြည့်ပြီး မိမိကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်ကို လွတ်လပ်စွာ အားပေးလို့ ရပြီနော် … ။

နောက်ရက်တွေမှာလည်း The X- Factor Myanmar အစီအစဉ်နဲ့ ပတ်သက်ပြီး ဖော်ပြပေးဦးမှာမို့ စောင့်မျှော် ဖတ်ရှုကြပါဦးနော် … ။ <3 <3 <3 <3 <3

သတင်းအရင်းအမြစ် - The X- Factor Myanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။