ပရဟိတမင်းသား ဝေဠုကျော်ကတော့ ဘင်္ဂလားဒေရှ်မြန်မာနယ်စပ် နယ်ခြားမှတ်တိုင် မိုင်တိုင်(၅၀) သို့သွားရောက်ခဲ့ပါတယ်။မောင်တောခရိုင်မြောက်ပိုင်မှာရှိတဲ့ ရွာတွေဖြစ်တဲ့ ခမောင်းဆိပ်၊ အောင်သပြေ၊ မင်္ဂလာညွှန့်၊

ဗန္ဓုလရွာများသို့ ဝေဠုကျော်ဖောင်ဒေးရှင်းနဲ့စာရေးဆရာ ဝေဟင်အောင်တို့ပူးပေါင်းပြီး စားနပ်ရိတ်ခါ နှင့် အသုံးအဆောင်တွေကို သွားရောက်ပို့ဆောင်ခဲ့ပါတယ်။

ထို့နောက် ဘင်္ဂလားဒေ့ရှ်နယ်ခြားမှတ်တိုင် မိုင်တိုင်(၅၀) သို့သွားရောက်ခဲ့ကြောင်းသိရပါတယ်။အန္တရာယ်များတဲ့ နေရာတစ်နေရာလဲဖြစ်ပါတယ်။

တော်ရုံလူတောင် မသွာရဲ့တဲ့နေရာတစ်နေရာဖြစ်ပေမဲ့ ပြည်သူတွေအားကိုးရတဲ့ မင်းသားကတော့ ပြည်သူအကျိုးအတွက် နယ်မြေတွေကိုသွားရောက်လေ့လာခဲ့တာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ထဲမှာ လိုအပ်နေတဲ့ ရွာတွေကို သွားရောက်ထောက်ပံ့ခဲ့တာဖြစ်ပါတယ်။ဝေဠုကျော်ရဲ့ စွန့်စွန့်စားစားပုံရိပ်တွေကို တင်ပြပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ဝေဠုကျော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။