အခုခေတ်မှာ အသက်ကြီးငယ်၊ ကျား မ မရွေး ကျန်းမာရေးကိုရော အလှအပရေးရာကိုပါ ဂရုစိုက် အလေးပေးလာ ကြပါတယ်။ ဒီကဏ္ဍ ၂ခုလုံးအတွက် များစွာ အထောက်အကူပေးတာကတော့ လေ့ကျင့်ခန်း လုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မိုးတွင်းနဲ့ ဆောင်းတွင်းကာလတွေမှာ အပြင်ကိုထွက်ဖို့နဲ့ Gym မှာ ကစားဖို့ အခက်အခဲလေးတွေ ရှိတတ်ပါတယ်။ ဒီလို မဖြစ်ရလေအောင် သင့်အတွက် နည်းလမ်းကောင်းလေးတွေဖြစ်တဲ့ အိမ်မှာပဲ ပြုလုပ်လို့ရတဲ့ အကောင်းဆုံး လေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကြိုးခုန်ခြင်း

ကြိုးခုန်ဖို့ အတွက် ကြိုးတစ်ချောင်းသာ အမြန်ဝယ်လိုက်ပါ။ အိမ်မှာနေရင်းနဲ့ မိနစ်အနည်းငယ်လောက် ပုံမှန် ကြိုးခုန်မယ် ဆိုရင်တော့ သင့်ရဲ့ နှလုံးသွေး လည်ပတ်မှုကို ကောင်းမွန်စေမှာပဲ ဖြစ်ပါတယ်။

(၂) လှေကား အတက်အဆင်းပြုလုပ်ခြင်း

ဖြစ်နိုင်ရင် ဘယ်နေရာသွားသွား ဓာတ်လှေကား၊ စက်လှေကား စီးခြင်းကို ရှောင်ပါ။ ခန္ဓာကိုယ်ကို သွက်လက်စေပြီး မလိုအပ်တဲ့ အဆီတွေနဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေပါလိမ့်မယ်။

(၃) ဒိုက်ထိုးခြင်း

ဒိုက်ထိုးခြင်းက သင့်လက်မောင်း ကြွက်သားတွေကို သန်မာစေမဲ့အပြင် ခန္ဓာကိုယ်အတွက်လည်း ကျန်းမာ ကြံ့ခိုင်စေပါတယ်။

(၄) ကခြင်း

ဒါကတော့ ၀ါသနာအရဖြစ်စေ၊ ကျန်းမာရေးကြောင့်ဖြစ်စေ ပျော်စရာကောင်းတဲ့ လေ့ကျင့်ခန်းတစ်ခုဆို မမှားပါဘူး။ ကခုန်ခြင်းက ကယ်လိုရီတွေ လောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းတစ်ခု အပြင် နှလုံးခုန်နှုန်းကိုလည်း မှန်ကန်စေပါလိမ့်မယ်။

(၅) ထိုင်ထ လုပ်ခြင်း

သင့်တင်သား လှပဖို့အတွက် ခြေဖျားထောက်ပြီး အနည်းဆုံး ၂၅ ကြိမ် ထိုင်ထ လုပ်နိုင်ပါတယ်။ ဒီလို ပုံမှန်လုပ်မယ် ဆိုရင်တော့ များမကြာမီ အချိန်ကာလ အတွင်း ကောက်ကြောင်းပေါ်ပြီး လှပ လာမယ်ဆိုတာ အမှန်ပါပဲ။

(၆) သန့်ရှင်းရေးလုပ်ခြင်း

ကျန်းမာရေးအတွက် အထောက်အပြု ဖြစ်တဲ့ အပြင် အိမ်အတွက်လည်း အကျိုးရှိတဲ့ လေ့ကျင့်ခန်း တစ်ခုပါပဲ။ ကြမ်းတိုက်ခြင်း၊ အိမ်ရှေ့ အိမ်နောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်၍ ပစ္စည်းများ သိမ်းဆည်းခြင်းတို့က အမောခံနိုင်ပြီး နှလုံးအား ကောင်းစေပါတယ်။

(၇) ရေဘူးမခြင်း

ရေဘူးကို Gym က မတဲ့ အလေးကဲ့သို့ သဘောထားပြီး လက်မောင်း၊ ပခုံးနဲ့ နောက်ကျော ကျန်းမာရေးအတွက် လေ့ကျင့်ခန်း လုပ်ပေးနိုင်ပါတယ်။ အလွန်လေးတာမျိုး မဟုတ်ဘဲ သင် မနိုင်သော အနေအထားသာ ရေဖြည့်ပြီး မပါ။

(၈) ဒူးခေါင်းမြှောက်ခြင်း

တနည်းအားဖြင့် ပြေးခြင်း ဆိုလည်း မမှားပါဘူး။ ဒူးခေါင်းတွေကို မြှောက်ပင့်ပြီး လေ့ကျင့်ခန်းလုပ်ခြင်း (သို့မဟုတ်) ပြေးခြင်းတို့က သင့်ကျန်းမာရေးကို များစွာ အထောက်အကူ ပေးပါလိမ့်မယ်။

(၉) ခါးလှည့်ကွင်းအသုံးပြုခြင်း

ဒါကလည်း အိမ်မှာပဲ အလွယ်တကူ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်း တစ်ခုပါပဲ။ ခါးသွယ်ပြီး လှပစေမဲ့အပြင် အဆီပိုတွေကိုလည်း လောင်ကျွမ်းစေနိုင်ပါတယ်။

(၁၀) Video ဖိုင်များ ကြည့်၍ ပြုလုပ်ခြင်း

YouTube, Facebook, TV Channel စသည်တို့တွင် ပြသသော လေ့ကျင့်ခန်း ဗီဒီယို ဖိုင်များအား ကြည့်ရှု၍ နည်းပြ သင်ကြားသေးသော နည်းလမ်းအတိုင်း အိမ်မှာပဲ လိုက်လုပ်ကြည့်နိုင်ပါတယ်။ ဒါကလည်း သင့်အတွက် အကျိုးရှိလှသော နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

အခုဆိုရင်တော့ အိမ်မှာပဲ ပြုလုပ်နိုင်မဲ့ နည်းလမ်းလေးတွေကို သိရှိပြီး စမ်းကြည့်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်နော် ။ အားလုံးပဲ ကျန်းမာလှပသော ခန္ဓာကိုယ်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ ရှင် … ။

Reference : SFJ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။