ဂျင်းကောင်တွေဂျပန်သွားမည်

ဝင်းနိုင်ထွန်း၊မြတ်ကောင်းခန့်တို့အသင်းကိုဂျင်းကောင်

တွေလို့ပရိသတ်တွေကချစ်စနိုးခေါ်ကြပါတယ်။

ရန်ကုန်တွင်ကျင်းပသွားသောပြိုင်ပွဲမှာဂိုးသွင်းပြီးရင်

သူတို့ကဂျင်းကောင်စတိုင်နဲ့အောင်ပွဲခံကြတယ်မဟုတ်လား။

မစ္စတာဘန်လာဘီမပြုတ်ခင်ကဂျင်းကောင်တွေပြင်သစ်

သွားမယ်လို့သတင်းထွက်ခဲ့သေးတယ်။

ဘန်လာဘီပြုတ်သွားတော့စီးရန်ကုန်အသင်းနည်းပြ

ဦးချစ်နိုင်ကယူ-18နည်းပြချုပ်ဖြစ်လာပါတယ်။

ဆရာချစ်လက်ထက်တွင်တော့ပြင်သစ်ကိုမသွားတော့။

ဂျပန်ကိုသွားကြမည်။ဂျင်းကောင်တို့ရဲ့

ဂျပန်ခရီးကအောက်တိုဘာဒုတိယပတ်မှစတင်မည်

ဖြစ်ပြီးအောက်တိုဘာနောက်ဆုံးပတ်အထိဂျပန်တွင်ရှိနေကြမည်ဖြစ်ပါတယ်။

ဂျပန်တွင်ရှိနေစဉ်အတွင်းဂျပန်ယူ-19အသင်းနဲ့ခြေစမ်း

ပွဲကစားဖို့ရာသဘောတူညီမှုရထားပြီလို့သိရပါတယ်။

ဂျပန်မှာခြေစမ်းပွဲတွေပြီးတဲ့အခါမှာတော့ခြေစစ်ပွဲ

ကျင်းပမည့်ကမ္ဘောဒီးယားနိုင်ငံသို့တိုက်ရိုက်သွားရောက်မည်

ဖြစ်ပါတယ်။မြန်မာရင်ဆိုင်ရမယ့်ပြိုင်ဘက်များက

တရုတ်၊ဖိလစ်ပိုင်နဲ့အိမ်ရှင်ကမ္ဘောဒီးယား။အုပ်စုပထမရတဲ့အသင်းကတိုက်ရိုက်ခြေစစ်ပွဲအောင်မှာဖြစ်ပြီး

အုပ်စုဒုတိယရရင်တော့တခြားအုပ်စုကအုပ်စုဒုတိယအသင်းများရဲ့အခြေအနေကိုစောင့်ကြည့်ရမည်။ဂျင်းကောင်တို့ခြေစစ်ပွဲအောင်ပြီးပရိသတ်တွေရဲ့ယုံကြည်မှုကို

ပြန်လည်ရယူနိုင်ပါစေ။

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။