လွန်လေပြီးသော နှစ်များမှ စ၍ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများ ထိုးခြင်းကို ပြုလုပ်နေကြပါပြီ။ ခွေးရူးပြန်ရောဂါက အလွန်ကြောက်စရာကောင်းသော ရောဂါဆိုလည်း မမှားပါဘူး။ ခွေးရူးပြန်ရောဂါပိုးက ခွေး၏သွားရည်မှတဆင့် လူ့ ခန္ဓာကိုယ်ထဲသို့ ၀င်သွားပြီးနောက် ဦးနှောက်နှင့် အာရုံကြောဆီသို့ ရောက်သွားပြီး အသက်ဆုံးရှုံးရသည်အထိ ဖြစ်လေ့ရှိပါတယ်။ ခွေးကိုက်ခံရခြင်း အပြင်၊ ခွေးမှ လျှာ ဖြင့် လျက်ခြင်း၊ လူ၏ အရေပြား ပွန်းပဲ့ ဒဏ်ရာသို့ ခွေး သွားရည်များ ထိခြင်းတို့ကြောင့်လည်း ကူးစက်နိုင်ပါတယ်။ ခွေး ရူးပြန်ရောဂါ စဖြစ်လျှင် ကုသဆေး မရှိပါ။ ခွေး ရူးပြန်ရောဂါ ဖြစ်ပါက အသက်မသေသောလူ အလွန်ပင် ရှားပါးပါတယ်။ ဒါ့ကြောင့် အထူးဂရုစိုက်ကြဖို့ လိုအပ်ပါတယ်။

ခွေးရူးပြန်ရောဂါ လက္ခဏာများ

အကိုက်ခံရပြီး ၉ ရက် မှ လပေါင်း အတော်ကြာထိ ရောဂါ မပြဘဲ ရှိနေတတ်ပါတယ်။

အကိုက်ခံရသော အနာမှ ရောင်လာခြင်း၊ များလာခြင်းတို့ ဖြစ်တတ်ပြီး ဦးခေါင်း နှင့် လည်ပင်း တဝိုက်တွင် ကိုက်ခံရပါ က ရောဂါ လက္ခဏာ မြန်မြန် ပြတတ်ပါတယ်။

ခွေးရူးပြန်ရောဂါ စ ဖြစ်လာပါက ဖျားခြင်း၊ ခွေးကိုက်ခံရသော နေရာတဝိုက်တွင် နာပြီး ထုံကျင်ခြင်း ၊ စတင်ခံစားရတတ်ပါတယ်။

ထို့နောက် စိတ်လှုပ်ရှား ဂဏာ မငြိမ်ဖြစ်လာပါလိမ့်မယ်။ ထင်ရှားသော လက္ခဏာမှာ ရေဆာသော်လည်း ရေလုံးဝ မသောက်နိုင်ဘဲ ရေကိုအလွန်ကြောက်နေခြင်းဖြစ်ပါတယ်။ စိတ် ဂယောက်ကယက်ဖြစ်ခြင်း၊ တကယ်မရှိသော အရာများ ကို မြင်ယောင်လာခြင်း ၊ အရူးလိုအော်ဟစ်နေခြင်း၊ ပုံမှန် လူစိတ်မရှိတော့ခြင်း၊ သတိမရှိတော့ခြင်း။ အသိစိတ် ၀င်လိုက်ပျောက်လိုက် ဖြစ်ခြင်း စသောဝေဒနာ များခံစားရပြီး ၊ ၁ ပတ် - ၁၀ ရက်အကြာ တွင် သေဆုံးရပေလိမ့်မည်။

ခွေးရူးပြန်ရောဂါ ကာကွယ်ခြင်း

( ၁) ခွေး ကိုက်မခံရခင် ကာကွယ်ခြင်း

ခွေးကိုက်မခံရအောင်နေခြင်း၊ ခွေးကို လက်ပွန်းတတီး မနေခြင်း ၊ အိမ်မွေးခွေးကို ကာကွယ်ဆေး ထိုးထားခြင်း ၊ မိမိတွင် ခွေး ကိုက်ခံရ နိုင်သော အခြေနေရှိပါက ကြိုတင် ကာကွယ်ဆေးထိုးထာခြင်း ( အရေပြားအောက် သို့မဟုတ် အသားဆေး ၄ ပတ်ခြား ၂ ကြိမ် )

(၂) ခွေးကိုက်ခံရပြီး မှ ခွေးရူးပြန်ရောဂါ မဖြစ်ရန် ကာကွယ်ခြင်း

ဆရာဝန် အမြန်ပြရန် လိုသည်။ ဆရာဝန် မှ အနာကို လိုအပ် သလိုဆေးကြော ပေးမည်။ antirabies antiserum ဖြင့် လူအလေးချိန် ပေါ် မူတည် ပြီးဆေးပမာဏ တွက်ချက်ကာ တဝက်ကို အနာတဝိုက် စိမ့်ဝင်အောင် လုပ်ပေးပြီး ၊ ကျန်တဝက်ကို အသားဆေး ထိုးပေးမည်။

Human diploid cell strain vaccine ခွေး ရူးပြန်ရောဂါ ကာကွယ်ဆေးကို Day 0 ,3 ,7 ,14 , 30 ,90 တို.တွင် အသားဆေးထိုးရမည်။ ( ချက်မှာမထိုးပါ) ။ လက်မောင်း၊ တင်ပါးမှာထိုးနိုင်သည်။

အထူးသတိပြုရမည်မှာ - ခွေးကိုက်ခံရပြီးမှ ထိုးသောကာကွယ်ဆေးသည် အမြန်ဆုံး ထိုးနိုင်လေ ဆေးအာနိသင် အပြည့်အဝ ရလေဖြစ်သည်။ နှောင့်နှေးခြင်း ၊ ခွေးရူး မရူး စောင့်ကြည့်နေခြင်းဖြင့် ဆေးထိုးနောက်ကျ ပါက ၊ဆေး၏ကာကွယ်မှု စွမ်းအင်လျော့နည်း ပါသည်။

ကိုက်သောခွေး ကိုသတ်ပစ်ခြင်းသည်လည်း လွဲမှားသော အယူ အဆဖြစ်သည်။ ခွေးသေ သွားလျင် လူမှာခွေးရူး မပြန်တော့မှာ မဟုတ်ပါ။ ကိုက်သောခွေး က ခွေးရူးမဟုတ်နိုင်ဘူး အထင်နှင့် ဆေးမထိုးဘဲ မနေသင့်ပါ။ တချက်ပေါ့ဆပါက အသက်နှင့် ရင်းရတတ်ပါတယ်။ ထို့ကြောင့် အထူး ဂရုစိုက်ကြစေရန် ရည်ရွယ်ပြီး ဒီအကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ဒေါက်တာဆု (ဆေးပညာဒါန)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။