အကယ်ဒမီစာရင်းဝင်ခဲ့တဲ့ ခိုးဆိုးလုနှိုက်ဇာတ်ကားကို မိုးဟေကိုရဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးထုတ်လုပ်ခဲ့ပြီး အောင်မြင်မှုများစွာကိုလဲ ရရှိခဲ့ပါတယ်။

" မိုးရုပ်ရှင် ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ဇာတ်ကား တစ်ကားအနေနဲ့ ဒီကားလေးကို အောင်မြင်စွာ ပြသချင်တယ်။ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း မိုးတို့ထုတ်လုပ်ရေးက အပြည့်အဝ ရချင်တယ်။ အဲ့ဒါကြောင့် ရုံတင်တဲ့အခါမှာ ငွေကြေးရရှိမှု များတာ၊ နည်းတာထက်၊ ဒီဇာတ်ကားအပေါ် ပရိသတ်တွေ စိတ်ကျေနပ်မှု အပြည့်အဝ ရတယ်ဆိုရင် မိုးတို့ ကြိုးစားရကျိုး နပ်ပါပြီ။ ဒီကားအပေါ် မိုးတို့ အများကြီး မျှော်လင့်ထားတယ်။ ပရိသတ် တစ်ယောက် အနေနဲ့ ခံစားပြီး ကြည့်ချင်လွန်းလို့ကို မိုးတို့ ရိုက်ခဲ့တာပါ။ "

ဆက်လက်ပြီး အနုပညာနဲ့သက်ဆိုင်တဲ့ သရုပ်ဆောင်တာအပြင် တခြားစီးပွားရေးတွေပါ ချဲ့ပြီး လုပ်ကိုင်နေတဲ့ မိုးဟေကိုကနေ

" မိုးက အနုပညာ လောဘတော့ မကြီးတာ သေချာပါတယ်။ ဘယ်အရာမဆို ဘုရားပေးသလောက်နဲ့ ကံစီမံ သလောက်ပဲ ရမယ်လို့ ခံယူထားပါတယ်။ ကိုယ့်ဘက်က အများကြီး မျှော်လင့်ထားပြီး ဖြစ်မလာဘူးဆိုရင် ကိုယ်ပဲ ခံစားရမှာလေ။ အဲ့ဒါကြောင့် မိုးကတော့ အရာရာကို ပေါ့ပေါ့ပါးပါး၊ ပျော်ပျော်ရွှင်ရွှင်နဲ့ သဘာဝကျကျလေး ဖြတ်သန်းတယ်။ အားလုံးကို လက်ခံနိုင်အောင် ကြိုးစားပါတယ်။ မိုးက အလုပ်တစ်ခုကို လုပ်ရင် အောင်မြင်တဲ့အထိ လုပ်ချင်ပါတယ်။ သရုပ်ဆောင်ဘက်ကိုပဲ အချိန်ပေးရင် တခြားဘက်တွေမှာ အားနည်းသွားမှာ စိုးလို့ အားလုံးကို မျှတအောင် လုပ်လိုက်တာပါ။ " လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မိုးဟေကိုရဲ့ လက်ရှိအချစ်ရေးနဲ့ ပတ်သတ်တဲ့အခါမှာတော့

" မိုးရဲ့ ဘဝမှာ ချစ်ရတဲ့ မိဘနှစ်ပါးရယ်၊ အချစ်ဆုံး ပရိသတ်တွေရယ်၊ ချစ်တဲ့ သူငယ်ချင်းတွေရယ်ရှိရင် ပြည့်စုံပါပြီ။ မိုးဘေးနားမှာရှိတဲ့ မိတ်ဆွေစစ်၊ မိတ်ဆွေမှန်၊ သူငယ်ချင်းကောင်းတွေကိုလည်း မေ့ထားလို့ မရပါဘူး။ သူတို့ဆီမှာ မိုးရဲ့ အချစ်တွေ အားလုံး ပါသွားပါပြီ။ " လို့ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။