ဘင်္ဂလားဒေ့ရှ်နယ်စပ်နားကို သူ့ရဲ့ပရဟိတအဖွဲ့တွေနဲ့အတူရောက်ရှိနေတဲ့ ရုပ်ရှင်မင်းသား ဝေဠုကျော်က ကလေးတွေနဲ့အတူ စိတ်လွတ်ကိုယ်လွတ် ကစားနေတာကိုတွေ့ရပါတယ်။

ရခိုင်ပြည်နယ်မောင်းတောကို သွားရောက်ပြီး လိုအပ်တာတွေကူညီပေးနေတဲ့ ပရဟိတမင်းသား ဝေဠုကျော်ဟာ ဒေသခံကလေးတွေနဲ့အတူရှိနေတုန်း အရုပ်သေနတ်လေးတွေကိုင်ကာ အားရပါးရဆော့ပြနေတာပါ။

သူ့ရဲ့ စိတ်လွတ်ကိုယ်လွတ်ပျော်ရွှင်ပေါ့ပါးနေတဲ့ ဗီဒီယိုလေးတွေကို သူ့ကိုချစ်တဲ့ပရိသတ်အချို့က လူမှုကွန်ရက်မှာ ပြန်လည်မျှဝေခဲ့ရာက ကြည်နူးစရာလေးဖြစ်နေပါတယ်။

ဖြူစင်တဲ့ကလေးတွေရဲ့ ပျော်ရွှင်မှုကို ပြန်ရယူပေးဖို့ တတ်နိုင်သလောက်လေး ကြိုးစားပေးနေတဲ့ ဝေဠုကျော် ကိုတော့ ပရိသတ်တွေပိုပြီးချစ်သွားလောက်ပြီထင်ပါတယ်။

အနုပညာထက် ပရဟိတကိုပိုပြီးပျော်မွေ့နေတဲ့ မင်းသား ဝေဠုကျော် ဟာ လက်တလောမှာ အန္တရာယ်များတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်အထိ ရောက်ရှိခဲ့တယ်လို့သိရပါတယ်။  

Source : Than Shwe fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။