သရုပ်ဆောင်ကျော်ရဲအောင်ကတော့ ရုပ်ရှင်အစည်းအရုံးကို အပြတ်ပြောလိုက်ပါပြီ။ရုပ်ရှင်အစည်းအရုံးကို မလာတာနဲ့ပက်သက်ပြီးမေးမြန်းခဲ့ရာမှာတော့ “ကျနော်က ကိုယ့်ပါကိုယ်တော် ပြန်ပြီးမထိန်းသိမ်းနိုင်တဲ့ အကောင်ဆိုတော့ ရုပ်ရှင်အစည်းအရုံးဆိုပိုပြီးဆိုးပါလိမ့်မယ် ရုပ်ရှင်အစည်းအရုံးကောင်း ဖိုဆိုတာ တတ်သိနားလည်းတဲ့လူတွေလုပ်ကြလိမ့်မယ်ထင်ပါတယ်။

အပြောက်းအလဲတွေပိုကောင်းသွားအောင် ဘယ်လိုလုပ်ရမလဲဆိုတော့ ကျနော်ကတော့ရှင်းရှင်းပြောရရင် ရုပ်ရှင်အစည်းအရုံးကို အယုံအကြည်မရှိလို့ကိုမသွားတာ” လို့လဲသူကဆိုထားပါသေးတယ်။ဒါအပြင် “ရုပ်ရှင်စည်းအရုံးကို သေချာစိတ်ဝင်စားလိုသွားကြည့်လဲ သေချာတိတိလင်းလင်းသိရတာ ဘာမှမရှိဘူး၊မဲထည့်တာလဲမသိဘူး ရွှေးတာလဲမသိဘူး ဖေ့ဘုတ်မှာတတ်လာတော့ မှသိလိုက်တာ ဖေ့ဘုတ်လဲမသုံးတော့ မသိဘူး ကျနော်အဲဒါတွေသိပ်စိတ်မဝင်စားဘူးလို့ပြောထားပါသေးတယ်။ 

“ငါတို့ရုပ်ရှင်လောကကြီးက အဆင်ပြေတာတွေခဏခဏပဲ ဒီလိုနည်းနဲ့မှမဟုတ်ဘူး နည်းမျိုးစုံနဲ့ရုပ်ရှင်သမားတွေရဲ့အကြပ်အတဲက ခဏခဏဖြစ်တယ်၊ဒီလိုပဲ..နေရင်းထိုင်ရင်းတိုးရင်ပြုရင်းနဲ့ ပြန်ချောင်လည်သွားတာရှိတယ်။ကိုနိုင်ကတာဝန်မရှိလို မပြောတာတော့မဟုတ်ဘူး ကိုနိုင်တာဝန်ရှိလို့လုပ်ပိုင်ခွင့်မှမရှိတာ…ဘယ်သူထဲထဲဝင်ဝင်လုပ်ပိုင်ခွင့်ရှိသလဲ..ဘယ်သူတွေတာဝန်ခံမှာလဲ..အဲတော့ဒီတိုင်းကြည့်နေတာပဲကောင်းတယ်”လို့ပြောပါတယ်။ “ကိုနိုင်က ပြီးစလွယ်မျက်နှာလွဲခဲပစ်ပြောတာတော့မဟုတ်ဘူး အဲသလိုကိုဖြစ်နေလို့ အဲလိုစကားပြောတာ၊အဲတော့ ကိုနိုင်ဝင်လဲမပါခြင်ဘူး....မင်းတို့အဆင်ပြေလိုက်ရိုက်ချင်လဲရိုက် စျေးကဘယ်လိုလဲ ညှိပေးလိုရရင်ညှိပေးလိုက်တယ်..ကိုနိုင်ဘယ်လိုအဆင်ပြေအောင် လုပ်မယ်မပြောာနဲ့…လောကကြီးကောင်းဖို့နေနေသာသာ ကိုယ့်ဘာကိုအဆင်ပြေအောင်နေနေရတယ်လို့ပြောပါတယ်…

သတင်းအရင်းအမြစ် - myanmar celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။