နှစ်(၃၀)ကြာ အနုပညာလမ်းခရီးမှာ ပရိသတ်ရဲ့အားပေးမှုနဲ့အတူ ကျရောက်ဇာတ်ရုပ်ကနေ အကောင်းဆုံးသရုပ်ဆောင်လေ့ရှိတဲ့ ရန်အောင်ကတော့ "မိရိုးဖလာ" ဇာတ်ကားကြီး အတွက် တောင်ပြုံးရွှေနန်းတော်မှာရိုက်ကူးမှုတွေပြုလုပ်နေတယ်လို့သိရပါသည်။ယနေ့မှာတော့ ပရိသတ်မသိသေးသည့် ရန်အောင်အကြောင်း အနည်းငယ်ရှာဖွေတင်ပြလိုက်သည်။

ရန်အောင်သည် အကယ်ဒမီဆုရ ရုပ်ရှင်သရုပ်ဆောင် တစ်ဦး နှင့် အဆိုတော် တစ်ဦး ဖြစ်သည်။ ရန်အောင်ကို ၁၉၆၆−ခု၊ ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် အဖဦးတင်မောင်နှင့် အမိ ဒေါ်သိန်းသိန်းတို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ မောင်လှထွန်း ဖြစ်သည်။ရုပ်ရှင်လောကသို့ ရောက်လညပုံမှာ ဒါရိုက်တာ မျိုးမြင့်အောင်၏ချစ်ကြိုးလေးနှစ်မျှင် ရိုက်ကွင်းကို သွားကြည့်ရင်း ကင်မရာမင်းက ရုပ်ရှင်ရိုက်မလားဆိုပြီး လာမေး လိပ်စာယူသွားရာက စတင်ခဲ့သည်။ တစ်ချိန်က ရုပ်ရှင်သင်တန်းတက်ရန် စီစဉ်ပြီးမှ မိတ္ထီလာဘက်သို့ ခရီးလွန်နေသဖြင့် မတက်ဖြစ်ခဲ့ပေ။ ရုပ်ရှင်မရိုက်ခင် ချစ်နှင်းဆီလှလှလေး ဇာတ်ကားမှာ ကျော်သူ့ကိုယ်စား နောက်ခံသီချင်းဆို ပေးခဲ့ဖူးသည်။အနုပညာလောကထဲသို့ ၁၉၈၅−ခုနှစ်၊ ဒါရိုက်တာ မျိုးမြင့်အောင်၏ အချစ်ခြင်းတူရင် မောင်မောင်တို့က အရှုံးပေးလိုက်မယ် ရုပ်ရှင်ကားဖြင့် စတင်ခဲ့သည်။ ခိုင်ခင်ဦး၊ တင်နီလာဝင်းတို့နှင့် တွဲခဲ့သည်။၁၉၈၈ ခုနှစ် ဒီဇင်ဘာလလ ၁၄ ရက်နေ့တွင် ရုပ်ရှင်မင်းသား ဝင်းဦးကွယ်လွန်ခဲ့သဖြင့် ရိုက်ကူးဆဲဖြစ်သော ခိုင်မာလာနှင်းဆီ ဇာတ်ကားကို ဝင်းဦးကိုယ်စား အစားထိုးသရုပ်ဆောင်ပေးရသည်။

ရရှိခဲ့သော အကယ်ဒမီဆုများမှာ−

၁၉၉၁−ခုနှစ်၊ မယ်သီတာလို မိန်းကလေး

၁၉၉၅−ခုနှစ်၊ ပုဂံမှာ သာတဲ့လ

၁၉၉၆−ခုနှစ်၊ အလင်းဖျော့ကောင်းကင်

၁၉၉၈−ခုနှစ်၊ ညမင်းသား(၁၉၈၈)

၂၀၀၀−ခုနှစ်၊ မောဟမျဉ်းပြိုင်

၂၀၀၆−ခုနှစ်၊ ဂုဏ်ရှိန်မြင့်တဲ့လူရယ်

Aung

Source: Internet 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။