အဆိုတော် ထူးအယ်လင်းကလည်း သေနတ် ကိုင်ပါတယ်တဲ့ ။

ထူးအယ်လင်းကတော့ သေနတ်နဲ့ အတူ ရိုက်ထားတဲ့ပုံတွေနဲ့ သေနတ်ကို တရားဝင်မှတ်ပုံတင်ပြီးကိုင်ထားတယ်လို့ ဆိုလိုက်ပါတယ် ။

နိုင်ငံတစ်ကာမှာတော့ သာမန်လူတွေ ကိုယ်ပိုင်သေနတ် မှတ်ပုံတင်ပြီး ၀ယ်ကိုင်တာ မထူးဆန်းတော့ပေမယ့်

မြန်မာမှာတော့ ရှားသေးတယ်လို့ုဆိုရမှာပါ ။ သေနတ်မှတ်ပုံတင်ဖို့ သိန်းလေးဆယ်လောက် ကျတယ်လို့လည်း ထူးအယ်လင်းက မေးလာတဲ့

အသိမိတ်ဆွေတွေကိုပြောထားပါသေးတယ် ။ ဘာအကြောင်းနဲ့သေနတ်ကိုဆောင်ထားလည်းဆိုတာတော့ အသေအချာမသိရပေမယ့်

ထူးအယ်လင်းကတော့ ဒီလို လက်နက်တွေကို သဘောကျနှစ်သက်ပုံရပါတယ် ။ 

ပြောတာဆိုတာ ရှင်းရှင်းဘွင်းဘွင်းရှိလွန်းတဲ့ ထူးအယ်လင်းကတော့ သားသမီးလေးတွေ အတွက်ဆို

နူးညံ့နေတတ်ပြန်ပါတယ် ။ သမီးလေး ဖြူဖြူစင်စင်လင်းနဲ့ သားလေး မြူးဇစ်လင်းတို့နှစ်ဦးကိုပိုင်ဆိုင်ထားတဲ့သူက

ကိုယ့်သားသမီးတွေကြည့်ရတာစိတ်ချမ်းသာတယ် လို့လည်း ဆိုပါတယ် ပရိတ်သတ်ကြီးရေ ...  

သတင်းအရင်းမြစ် Htoo Al Linn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။