လေယာဉ်မှုးမလေး မေပြည့်စုံအောင် တစ်ယောက်တော့ အတော်ကို စိတ်ကသိကအောက် ဖြစ်လို့နေပါတယ် ။

အကြောင်းကတော့ လူအချို ့ရဲ့ ပုတ်ခတ်ပြောဆိုမှုတွေကြောင့်ပါ ။ 

မကြာသေးခင်က Ah Boy နဲ့ မြတ်ရတနာကျော်တို့ရဲ့ Pre-wedding အတွက် ထိုင်းနိုင်ငံမှာသွားရောက်ရိုက်ကူးရာ မေပြည့်စုံအောင်လဲ အရံအဖြစ်သွားရောက်

ရိုက်ကူးပေးခဲ့ပါတယ် ။ ထို ခရီးစဉ်အတွင်း ရိုက်ကူးခဲ့တဲ့ Swimsuit နဲ့ ပုံတွေဟာ အွန်လိုင်းမှာ ထင်မြင်ချက်အမျိုးမျိုးနဲ့ ပျံနှံနေကြရာမှာ

လူရွှင်တော် ဦးညောင်ညောင်ရဲ့ သမီးဖြစ်သူကလည်း အနှုတ်သဘောဆောင်တဲ့ ထင်မြင်ချက်ပေးပြီး မိတ်ဆွေတွေနဲ့အတူ ပုတ်ခတ် ပြောဆိုထားကြတာကို

မေပြည့်စုံအောင် မြင်ရာကနေ စိတ်ကသိကအောက်ဖြစ်သွားပုံပါပဲ ။ သူမရဲ့ လူမှုကွန်ယက်အကောင့်ကနေ အောက်ပါအတိုင်းတင်ထားတာကိုတွေ့ရှိရပါတယ် ။ 

" ဟယ်တော့ ဘယ်လိုတွေများ ရန်ငြိုးတွေရှိလို့ သက်သက် လာဝုန်းနေရတာတုန်း

တခြားသူတွေ ဘာပြောပြောကိုယ်က သိပ်ဂရုမစိုက်တတ်ပေမယ့် ဒီလို same field ထဲက လူအချင်းချင်း လာဝုန်းတော့ amazing ပေါ့နော်

ပြောချင်ရင်လဲ ညီမအကြောင်း သေချာ စုံစမ်းပြီးတော့မှ ရေးပေါ့နော်

အစ်မကိုယ်တိုင်ကလဲ သာမာန် မျက်နှာမဖော်ရဲတဲ့ ကာတွန်းရုပ် ပရိုဖိုင်းနဲ့ ဘာလာလာဝုန်းမယ်ဆိုတဲ့သူမှ မဟုတ်တာ

နိုင်ငံကျော် လူရွှင်တော်ကြီး ဦးညောင်ညောင် သမီးပဲလေ..

ပြီးတော့ နှစ်ယောက်လုံး အကောင့်မှာလဲ mutual friend တွေက အများသားလား .. လာပြတော့ ခက်တာပဲ...

ညီမဆိုသည်မှာလည်း ဘယ်အင်တာဗျူးဖြေဖြေ ပိုင်းလော့လုပ်ရတဲ့ အကြောင်းရင်းမေးရင် စီနီယာအစ်မတွေ ဖြစ်တဲ့ မမေချိုဝင်း မနှင်းဦးဝေတို့ကို အားကျလို့ လောယာဉ်မောင်းချင်လို့ တတ်ဖြစ်တာပါလို့ ဖြေနေကျ ဖြေခဲ့တာ ၂၀၁၅ ထဲက..

ဒါမယ့် တချို့ ပေ့ချ်တွေက ပထမဦးဆုံး ပိုင်းလော့ဘာညာ ဆက်ပြီး ရေးနေတာ တော့ လိုက်ရှင်းပြနေဖို့ မအားဘူးရယ်..

အော် ဒါနဲ့ အလုပ်လုပ်မှ ပိုင်းလော့လို့ ခေါ်ကြေးဆိုရင်တော့ မှားသွားမှာပေါ့နော် အစ်မ

အစ်မ အမျိုးသားလဲ ပိုင်းလော့ဆိုတော့ မေးကြည့်ပေါ့နော် 

လိုင်စင် အမျိုးအစား သုံးခုရှိတဲ့အကြောင်း... ညီမကိုယ့်ဘာကိုယ် အလုပ်လုပ်လုပ် မလုပ်လုပ် private pilot license ရော် commercial pilot license ရော် ရှိပြီးသားရှင့်... MAA စဖွင့်တုန်းက entrance ဝင်ဖြေတုန်းက လူအယောက်ရာကျော်ဝင်ဖြေတာ roll no.5 နဲ့ ဝင်ခဲ့တာ .. ကြွားတာ မဟုဆ်ဘူးနော် .. တော်ကြာ အရည်အချင်း မရှိဘဲ ပိုက်ဆံပေးတတ်တယ် ပြောမှာစိုးလို့... အော် ဒါနဲ့ ကြော်ငြာတွေ ရိုက်ဖြစ်တယ်ဆိုတာလဲ ငမ်းငမ်းတက် အေဂျင်စီတွေဆီသွားပြီး မင်းသမီးဖြစ်ချင်လို့ပါ လို့ ပြောခဲ့တာ တစ်ခါမှ မရှိဘူးနော်..

ကိုယ့်ဘာကိုယ် မြန်မာပလာဇာမှာ ဂိမ်းသွားဆော့ရင်းနဲ့ kanebo ပိုင်ရှင်အစ်မ ကတွေ့ပြီး ကမ်းလှမ်းလို့ .. လာပြောပေးတဲ့ သူကလဲ အရင်တတ်ခဲ့တဲ့ NMC က စီနီယာမို့လို့ လက်ခံဖြစ်ခဲ့တာ... အော် အဲ့ဝတ်စုံဝတ်တဲ့ ကိစ္စကလဲ ကိုယ့်ကျောင်းဝတ်စုံပဲ ကိုယ်ဝတ်တာလေ အပြစ်ရှိလို့လား ကျောင်းက ဆရာတွေကိုလဲ ခွင့်တောင်းပြီးမှ လုပ်တာ... မေဆိုသည်မှာလဲ ကိုယ့်ဘာကိ်ုယ်သာ လှအောင် အားကစားလုပ်တာ ... body shaming တော့ တစ်ခါမှ မလုပ်ဖူးဘူးရယ်.. လေယာဉ်မယ်တွေကိုလဲ တစ်ခါမှ မကောင်းပြောဖူးပါဘူး... ကိုယ့်နဲ့အတူ တစ်လေယာဉ်တည်းစီး တစ်ခရီးတည်းသွား လုပ်ဖော်ကိုင်ဖက် လို့ သတ်မှတ်ပြီးသား.. အစ်မကိုယ့်ဘာကိုယ် ဘာတွေ insecure ဖြစ်နေလဲတော့ မသိဘူးနော်... ညီမလဲ ဘာမှ မပြောရပဲနဲ့.. အော် ဒါနဲ့ မ ယမင်းထွေးဆိုတဲ့ အစ်မ .. chatbox ထဲ အချိန်ရှိရင် ကြွခဲ့ပေးပါဦးနော် ... sponsor အကြောင်းလေးတွေ ပြောရအောင် ... မရဖူးလို့ ရအောင် အစ်မဆီက နည်းလေး ဘာလေး သင်မလို့....

ဒီပို့စ်ကို တင်ရတာလဲ စိတ်ကသိကအောက်ဖြစ်တဲ့ ဒဏ်မခံစားနိုင်လို့ ..

၂၄ နာရီအတွင်း ပြန်ဖျက်မှာပါ

ဖတ်ပေးတာ ကျေးဇူးနော် .. အားလုံး

ချလစ်ယူ ? " လို့ သူမကဆိုခဲ့တာပါ ။ 

အနုပညာလှုပ်ရှားမှု အနည်းငယ်သာ လုပ်ရသေးပေမယ့်လည်း

ရှားရှားပါးပါး အမျိုးသမီးလေယာဉ်မှုးတစ်ယောက်ဖြစ်နေခဲ့တဲ့ မေပြည့်စုံအောင်ကတော့ လူသိများထင်ရှားတဲ့ ဆယ်လီတစ်ဦးဖြစ်နေခဲ့နှင့်ပါပြီ ။

ဒါကြောင့်မို့ ဆယ်လီတွေကြုံတွေ့လေ့ရှိတဲ့အတိုင်း သူမကို အားပေးဝန်းရံကြသူတွေအများအပြားရှိနေသလို ဝေဖန်ပြောဆိုကြသူတွေလည်းရှိနေခဲ့တာပဲဖြစ်ပါတယ် ။

သတင်းအရင်းမြစ် May Pyae Sone Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။