မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်လိဂ်ဂူးပွဲစဉ်မှာ မိုနာကိုအသင်းနဲ့ မောင့်ပယ်လီယာအသင်းတို့ဟာ တစ်ဖက် ၁ ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။နောက်ဆုံး မိနစ်မှာမှ မောင့်ပယ်လီယာအသင်းက ချေပဂိုး သွင်းယူခဲ့တာကြောင့် မိုနာကိုအသင်းအနေနဲ့ အနိုင်ရမှတ်က အမှတ်ခွဲဝေပေးခဲ့ရတာလည်းဖြစ်ပါတယ်။သရေပွဲကြောင့် မိုနာကိုအသင်းဟာ PSG အသင်းနဲ့အမှတ်တူ တစ်ပွဲပိုကန်ထားပြီး အဆင့် ၂ နေရာမှာ ဆက်လက်ရပ်တည်နေတာလည်းဖြစ်ပါတယ်။ 

မောင့်ပယ်လီယာအသင်းက ပြင်သစ် ထိပ်သီးကလပ်နှစ်သင်းလုံးဖြစ်တဲ့ PSG အသင်းနဲ့ မိုနာကို အသင်းကို သရေရအောင်ကန်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။မိုနာကိုအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဖယ်ကာအို၊ ယိုဗီတစ်၊ သောမက်လီမာ၊ ဖာဘင်ဟို၊ လိုပက်၊ တီယာလီမန်း တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မောင့်ပယ်လီယာအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ နင်ဂါ၊ အမ်ဘတ်ဇာ၊ ဘတ်စတီယန်၊ ရှက်ဟီရီ၊ ဆက်ဆီနွန် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ 

မိုနာကိုအသင်းအတွက်အဖွင့်ဂိုးကိုတော့ ၃၈ မိနစ်မှာ ဖယ်ကာအိုက သွင်းယူပေးခဲတာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးတဲ့ အချိန်မှာ မိုနာကိုအသင်းဟာ တစ်ဂိုးအသာနဲ့ပဲ ဦဆောင်နေခဲ့ပါတယ်။ဒုတိယပိုင် မိနစ် ၉၀ ကို မိုနာကို အသင်း ၁ ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပေမဲ့ အချိန်ပို (၉၀+၃)မိနစ် မှာ မောင့်ပယ်လီယာအသင်းအတွက်ချေပဂိုးကို ကာမာရာ က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။