မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ရှော်ကေးအသင်းနဲ့ လေဗာကူဆင်အသင်းတို့ဟာ တစ်ဖက်တစ်ဂိုးစီနဲ့ ပွဲပြီးဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ရှော်ကေးအသင်းဟာ အဆင့် ၇ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး လေဗာကူဆင်အသင်းကတော့ အဆင့် ၈ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ရှော်ကေးအသင်းဟာ ရာသီအစမှာရလဒ်ကောင်း ရယူနိုင်ခဲ့ပေမဲ့ နောက်ဆုံးသုံးပွဲမှာတော့ ရလဒ်တွေဆိုးနေခဲ့တာဖြစ်ပါတယ်။

ရှော်ကေးအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ အမ်ဘိုလို ၊ ဟာရစ်၊ ကိုနိုရန်ကာ၊ ဂေါ်ရက်ကာ၊ အော့ဇစ်ကာ ၊ဝက်စတမ်း၊ ကာလီဂွာရီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လေဗာကူဆင်အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဗော်လန်၊ အလာရီယို၊ ဘရန့်ဒ်၊ ချားလက်၊ ဘန်ဒါ၊ ဘယ်လာရာဘီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နှစ်သင်းလုံးဟာ ခြေစွမ်းတူညီတဲ့အသင်းဖြစ်တာနဲ့အညီ ပွဲကိုလည်း အကောင်းဆုံး ထိန်းချူပ်ကစားသွားတာကိုလည်း တွေ့မြင်ရပါတယ်။

အဖွင့်ဂိုးကို အိမ်ရှင် ရှော်ကေးအသင်းက ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ၃၄ မိနစ်မှာ ဂေါ်ရက်ကာ ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးတဲ့အချိန်ထိ ရှော်ကေးအသင်းတစ်ဂိုးအသာနဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။ဒုတိယပိုင်းပြန်စလို့ ၆၁ မိနစ်မှာ ဘယ်လီ က လေဗာကူဆင်အသင်းအတွက် ချေပဂိုး ပြန်လည် သွင်းယူပေးနိုင်ခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။