ပရိသတ်အချစ်တော် အဆိုတော် တစ်ဦးဖြစ်သလို အနုပညာလောကကသူတော်တော်များများနဲ့ ခင်မင်ရင်းနှီးပြီး ချစ်ခြင်းခံရသူကတော့ ပိုပို ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ပိုပိုကတော့ ထစ်ခနဲဆို စိတ်ကောက်တတ်တဲ့ ဗုဒ္ဓဟူးသမီးလေးအကြောင်းကို သူမရဲ့ လူမှုစာမျက်နှာကနေတဆင့် ယခုလိုရေးသားထားတာတွေ့ရပါတယ်။

"ဟဲဟဲ တစ်ခါတလေ ကိုယ့်ကိုယ်ကို တွေးမိတယ်

"ငါ့လို ဗုဒ္ဓဟူး သမီး ကို ချစ်ကြတဲ့ ချစ်သူ နဲ့ သူငယ်ချင်း မိတ်ဆွေကို တကယ် အံ့သြတယ် သူတို့ကိုယ့်ကို တကယ် ချစ်တာဖြစ်နိုင်ပါတယ် လို့လဲ အခုတွေးမိလာပြီ

ဘာလို့လဲဆိုတော့ တစ်နေ့မှာ ၃ ခါလောက် စိတ်ပြောင်းနေတာ ကိုး ??

ရူးတယ် ပြောလဲ လက်ခံတယ်

အဒေါ်ကလဲ ပြောရှာတယ် နင်ရည်းစား ဘယ်ရမလဲတဲ့ ခဏနေ လာခဲ့ ခဏနေ စိတ်က လက်တစ်ဆစ်ဖြစ်ပြီး

မလာနဲ့တော့ဆိုပြီး လုပ်နေတာကိုးတဲ့ (ကိုယ် ဖုန်းပြောရင် သူ တိတ်တိ်တ်လေး နားထောင်ပြီး ကြားတာဖြစ်မယ်)

စိတ်ကလဲ ခဏခဏ ကောက်တယ် သူများက ကိုယ့်ကို စိတ်ရှည်မှ ချစ်တယ်ထင်တာ

ကိုယ့်က သူများအပေါ် စိတ်ရှည်တာရှားတယ်

ပြီးတော့ စိတ်ကလဲ ကြီးပါ သူများကို သာ စနောက်တာ ကိုယ့်ကို လာနောက်ရင် မကြိုက်ဘူး ?

သူများကိုလဲ ကိုယ်မှားရင် ချော့တဲ့ပုံက ဟိုဟာလေး စားပါဦး ရော ဒါလေး ယူလိုက်နဲ့ ချော့တယ် ပါးစပ်က တခါမှမချော့ဘူး

အဲ သူတို့မှားရင် တော့ သေချာ တောင်းပန်မှ စိတ်ကောက်ပြေတာ ဒါမှမဟုတ် မချော့ပဲ ပြစ်ထားရင်လဲ စိတ်ကောက်ပြေသွားရော ??

ကိုယ့်ကို ချစ်မချစ် အော် ငေါက်ပြီး စမ်းကြည့်တယ် ထွက်မသွားရင် ခင်တယ်လေ ??

#ချစ်တတ်တဲ့နေရာမှာတော့ဘယ်ရရက်သားသမီးမှလိုက်မမှီဘူး❤️??? အရွေးမမှားသင့်ဘူးနော်" ဆိုပြီး သူမက ရေးသားထားပါတယ်။

လက်ရှိမှာတော့ သူမက သီချင်းအသစ်တွေအတွက် အားသွန်ခွန်စိုက်ပြုလုပ်နေပြီး မကြာခင်မှ အဆိုတော် ဒီဒီးနဲ့အတူ "သီတင်းကျွတ်ပွဲတော်" ဆိုုတဲ့ MTV လေးတစ်ပုဒ်ထွက်ရှိထားတာဖြစ်ပါတယ်။ လောလောတယ်မှာတော့ J Fire နဲ့အတူ သီချင်းအသစ်တွေလုပ်နေတယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ......

Source:  ဝတ်ရည်မိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။