Miss Universe ပြိုင်ပွဲကို မကွေးတိုင်းကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ အနုပညာလောကကို စတင်ဝင်ရောက်လာသူကတော့ ပြည့်ဝတီမောင် ဖြစ်ပါတယ်။ အကယ်ဒမီ ဗန်းကိုင်အဖြစ်ရွေးချယ်ခံရပြီးနောက်ပိုင်း အနုပညာအလုပ်တွေဆက်တိုက်လုပ်လာတဲ့ သူမဟာ သူမရဲ့ စပွန်ဆာ ဆိုတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး Sunday Journal မှာ ယခုလိုဖြေဆိုထားတာတွေ့ရပါတယ်။ 

အနုပညာလုပ်တဲ့သူတစ်ဦးအနေနဲ့ ဝေဖန်မှုတွေရှိလာတဲ့ အခါမှာလည်း..

"အနုပညာလောကဆိုတာ တကယ့်ကို ပိုက်ဆံတွေ အများကြီးကုန်ပါတယ်။ တချို့တွေကပြောကြတယ်။ ညီမကိုစပွန်ဆာရှိတယ် ဘာညာဆိုပြီးတော့။ အစကတည်းကလည်း ကောလာဟလတွေကိုလိုက်ပြီး ဖြေရှင်းတာတွေမလုပ်ခဲ့ဘူး။ အချိန်ကာလတစ်ခုမှာ သက်သေပြသွားမှာပါ။ အနုပညာလောကထဲကိုစဝင်လာကတည်းက သုံးဖြုန်းနေတာတွေကို ကြည့်ပြီးစပွန်ဆာရှိနိုင်တယ်ဆိုပြီး အချင်းချင်းတွေကအစ ပုတ်ခတ်ကြတယ်။

နောက်ပိုင်းမှာနေပုံထိုင်ပုံကိုကြည့်ပြီးတော့ သူတို့သိသွားကြတယ်။ ညီမရဲ့စပွန်ဆာကိုစိတ်ဝင်စားတဲ့သူတွေကို ပြောချင်ပါတယ်။ စပွန်ဆာကတော့အနုပညာလောကမှာတင် မဟုတ်ဘူး။ ငယ်ငယ်လေးကတည်းကနေ အခုအချိန်အထိ စပွန်ဆာကောင်းကောင်းပေးခဲ့တာ အဖေနဲ့အမေပါပဲ။ ဒါကြောင့် ညီမမိဘတွေကို အများကြီးကျေးဇူးတင်ရပါတယ်" ဆိုပြီး သူမကဖြေဆိုထားပါတယ်။ 

လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး မင်းသား ခါရာနဲ့အတူ "မြို့ပြမုဆိုး" ဇာတ်ကားကြီးကိုလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။

Source: Sunday Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။