အနုပညာလောကရဲ့ ထိပ်တန်းအကယ်ဒမီ မင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူကတော့ စိုးပြည့်သဇင် ဖြစ်ပါတယ်။ လတ်တလောမှာတော့ စိုးပြည့်သဇင်ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားရဲ့ ပိုစတာကိစ္စနဲ့ ပတ်သတ်ပြီး သူမရဲ့ ပရိသတ်တွေကတော့ စိတ်မကောင်းဖြစ်ကြသလို ဒေါသလည်း ထွက်နေကြတာတွေ့ရပါတယ်။

ဒါရိုက်တာ မီးပွားရိုက်ကူးမယ့် "သံယောဇဉ်ဆိုတာ ကျည်ဆံတွေဖြစ်ခဲ့ရင်" ဆိုတဲ့ ဇာတ်ကားကြီးမှာ ရဲအောင် ဟိန်းဝေယံ စိုးပြည့်သဇင် နဲ့ မင်းသမီး မြတ်မှူးခင်တို့က ပါဝင်ရိုက်ကူးမှာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ပိုစတာမှာတော့ မင်းသမီး စိုးပြည့်သဇင်ရဲ့ နာမည်ဟာ မင်းသမီး မြတ်မှူးခင်ရဲ့ နောက်ကနေ ရေးသားထားတဲ့အတွက် စိုးပြည့်ရဲ့ ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါတယ်။

ဒါပေမဲ့လည်း ပရိသတ်အချို့ရဲ့ ပြောပြချက်အရ မင်းသမီး မြတ်မှူးခင်ဟာ စီနီယာမင်းသမီးတစ်လက်ဖြစ်သလို "ရွှေနားတော်သွင်း ချစ်ခြင်းစကား" ဆိုတဲ့ ဇာတ်ကားမှာလည်း ကျော်ကျော်ဗိုလ်နဲ့အတူ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကတော့ စာရေးဆရာမ လွန်းထားထားရဲ့ အောင်မြင်တဲ့ ဝတ္ထုတစ်ခုကိုရိုက်ကူးမှာဖြစ်ပြီး အငှားကိုယ်ဝန်ဆောင်တာကို ဇာတ်အိမ်တည်ရိုက်ကူးထားတယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ.....

Photo Source: Myat Hmue Khin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။