နာမည်ကျော်ကြားတဲ့တံဆိပ်တွေကိုသုံးပြီး ကျန်းမာရေးအတွက်မကောင်းမွန်တဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းအတုတွေကို ထုတ်လုပ်နေတဲ့ သံသယရှိသူနှစ်ဦးကို တရုတ်မှာ ဖမ်းဆီးမိခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့သူနှစ်ယောက်ဟာ Ncnews သတင်းဌာနအရ နာမည်ကြီးတံဆိပ်တွေကို အသုံးပြုပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို ရောင်းချတာဖြစ်ပြီး လက်ကားဒိုင်တွေကနေတစ်ဆင့် ကုန်စုံဆိုင်တွေ၊ စတိုးဆိုင်တွေအထိ ဖြန့်ဖြူးရောင်းချခဲ့တယ်လို့ ဆိုပါတယ်။
Nanchang, Jiangxiပြည်နယ်မှာရှိတဲ့ ဒီစက်ရုံကိုစစ်ဆေးတဲ့အခါမှာ အသုံးပြုသူရဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အရည်အသွေးမပြည့်မီတဲ့ လစဉ်သုံးပစ္စည်းတွေကို ယွမ်သန်းလေးဆယ်ဖိုး ဖမ်းဆီးရရှိခဲ့ပါတယ်။ ပြည်နယ်ရဲဌာနဟာ အနီးနားပတ်ဝန်းကျင်က အမျိုးသမီးတွေကို သတိပေးထားပြီး ပြည်ပသို့ တင်သွင်းရောင်းချခဲ့သည်အထိ ရှိမရှိ ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
Source : nextshark
Translated by Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။