မြောက်များစွာသော မြောက်ကိုရီးယားရဲ့ ဒုံးပျံတွေ မြို့တော်ပြုံယမ်းမှာ ရှိတဲ့ ဒုံးပျံထုတ်လုပ်ရေး စက်ရုံများမှ ပြောင်းရွေ့ နေရာချထားမှုကို မကြာသေးမီက တွေ့ရှိခဲ့ရတယ်လို့ တောင်ကိုရီးယား သတင်းဌာန တစ်ခု ဖြစ်တဲ့ KBS က သတင်းထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယား ဟာ ရန်လိုတဲ့ အပြုအမူတွေ ကိုပိုမိုပြုလုပ်လာတယ်လို့ အဆိုပါသတင်းဌာန ကပြောပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ဟာ တောင်ကိုရီးယားနဲ့ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာများ အပေါ် မှီငြမ်းပြီး ထုတ်ပြန်ထားတာဖြစ်ပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန် ထောက်လှမ်းရေး တို့ဟာ ပြံုယမ်းမြောက်ဘက် Sanum-dong အရပ်မှာ ရှိတဲ့ မြောက်ကိုရီးယား ရဲ့ ဒုံးပျံ သုတေသန နဲ့ ဖွံဖြိုးရေး နေရာများမှ မြောက်များစွာသော ဒုံးပျံတွေ ရွေ့ပြောင်းနေရာချထားမှု ကို ထောက်လှမ်းတွေ့ရှိခဲ့ကြပါတယ်။ ဘယ်နေရာ နဲ့ ဘယ်အချိန်မှှာ ရွေ့ပြောင်းနေရာချထားတယ်ဆိုတာတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ရွေ့ပြောင်းနေရာချထားတဲ့ ဒုံးပျံတွေဟာ တာလတ်ပစ် အမျိုးအစား Hwasong-12 ဒါမှမဟုတ် တိုက်ချင်းပစ်ဒုံးပျံ အမျိုးအစား Hwasong-14 ဒုံးပျံတွေဖြစ်နိုင်တယ်လို့ဆိုပါတယ်။ တောင်ကိုရီးယား တာဝန်ရှိသူများ ကတော့ မြောက်ကိုရီးယား အနေနဲ့ သူတို့ရဲ့ ကွန်မြူနစ်ပါတီ ထူထောင်တဲ့ နှစ်ပတ်လည်နေ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ရန်လို တဲ့ အပြုအမူတွေပြုလုပ်နိုင်တယ် လို့ သတိပေးထားပါတယ်။

Source: Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။