တနင်္ဂနွေနေ့ ညမှာယှဉ်ပြိုင်ကစားမဲ့ အီတလီစီးရီးအေပွဲစဉ်မှာ အေစီမီလန်အသင်းဟာ အိမ်ကွင်းမှာ ရိုးမားအသင်းကို ဧည့်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။ရိုးမားအသင်းဟာ ၅ ပွဲကန် ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ အေစီမီလန်အသင်းက တော့ ၆ ပွဲကန်ထားပြီး ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

အေစီမီလန်အသင်းရဲ့ နောက်ဆုံး ၅ ပွဲရလဒ်မှာ ၄ ပွဲနိုင် ၁ ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ရိုးမားအသင်းရဲ့ နောက်ဆုံး ၅ ပွဲရလဒ်မှာ ၄ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ကိုပိုင်ဆိုင်ထားခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းဟာ လက်ရှိမှာ ခြေစွမ်းက အနည်းငယ်ယိမ်းယိုင်နေတာဖြစ်ပြီး တည်ငြိမ်မှုမရရှိသေးတာကိုလည်းတွေ့မြင်ရပါတယ်။ရိုးမားအသင်းကတော့ နိုင်ပွဲဆက်နေပြီး အကောင်းဆုံး အစုအဖွဲ့ကို ပြသနေတဲ့ အသင်းလည်းဖြစ်ပါတယ်။ 

အေစီမီလန်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဆူဆို၊ ကလာနစ်၊ အန်ဒရီဆေးဗာလ်း၊ ကတ်စီရီ၊ ကေဟမ်နိုဂလူး၊ ဘီဂလီယာ တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ရိုးမားအသင်းရဲ့ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဒီဇီကို၊ ပီရော့တီ၊ အယ်ရှာရာဝီ၊ နိုင်ဂိုလန်၊ စထရူးမန်း၊ ဒီရော့ဆီ တို့ကိုထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။အိမ်ကွင်းအားသာချက်ရှိနေတဲ့ အေစီမီလန်အသင်းကပဲ အနိုင် ၃ မှတ်ရရှိသွားမလား၊ခြေစွမ်းတည်ငြိမ်နေတဲ့ ရိုးမားအသင်းကပဲ နိုင်ပွဲဆက်သွားမလားဆိုတာတော့ စောင့်ကြည့်သွားရမယ်ဗျာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။