အောက်တိုဘာ ၂၆ ရက်နေ့မှာ Style Secret ဆိုတဲ့ အစီအစဉ်ရိုက်စဉ်က မတော်တဆမှုဖြစ်ပွားခဲ့ပြီး ပင်လုံဆေးရုံမှာ ဆေးကုသမှုခံနေတဲ့ အမ်ဆိုင်းလုက သူမရဲ့ အခြေအနေကို ယခုလိုပြောပြခဲ့ပါတယ်။

သူမ ဆေးရုံတက်နေရတဲ့ ပုံတွေ အင်တာနက်ပေါ်ပြန့်နှံ့ပြီးနောက်ပိုင်း ပရိသတ်တွေက သူမအခြေအနေကို စိုးရိမ်ခဲ့ကြပါတယ်။ သူမ က 'ညီမ ၂၆ ရက်နေ့ကနေ ယခုအချိန်ထိ ဆေးကုသမှုခံယူနေရဆဲပါ။ စစ ဖြစ်တာထက်စာရင် တော့ သက်သာလာပါပြီ' ဆိုပြီးပြောကြားခဲ့ပါတယ်။ ပရိသတ်တွေကိုလဲ 'ပရိသတ်တွေ ညီမကို အမြန်ဆုံးသက်သာအောင် ဆုတောင်းပေးကြပါ။ လောလောဆယ်တော့ကျောက်ပတ်တီး စည်းထားတဲ့ အတွက် ခြေထောက်အခြေအနေကိုတော့ အဲ့ဒီ အချိန်မှပဲ သိရမယ်။ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။' ဆိုပြီးပြောကြားခဲ့ပါတယ်။

Style Secret ရဲ့ တာဝန်ရှိသူလည်းဖြစ်တဲ့ ဇင်အောင်ကတော့ ရိုက်ကူးနေချိန်မှာ ဖြစ်တာ မဟုတ်ဘဲ setting ချိန်နေတုံး နားနေတုန်းမှာ ဖြစ်တာလို့ပြောခဲ့ပါတယ်။ အဆိုပါမတော်တဆ ဖြစ်မှုနှင့် ပတ်သက်ပြီး MRTV4 မှ ဝန်ထမ်း အချို့လည်း ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

မော်ဒယ်တွေ အနေနှင့် သူတို့ရဲ့ အလှ အပဟာ သူတို့ အတွက် အလွန်အရေးကြီးပါတယ်။ မော်ဒယ်မှ မဟုတ်ဘူး ဘယ်သူ့ အတွက်မဆို အရေးကြီးပါတယ်။ တီဗီ အစီအစဉ်တွေ အနေနှင့် ယခုလိုမျိုး မတော်တဆ မှု မရှိအောင် ကြိုတင်ကာကွယ်သင့်ပါတယ်။ ခြေထောက်တွေ လက်တွေက အရေးမကြီးတာ မဟုတ်ပေမဲ့လဲ အကယ်၍များ မျက်နှာကို ထိခိုက်မိရင် မတွေးဝံ့စရာပ့ဘဲ။

Source: 7days

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။