စက်တင်ဘာလ ၂၈ ရက်နေ့မှာ မင်းသမီး Song Ji Hyo ရဲ့ အေဂျင်စီ MY COMPANY က မင်းသမီး Song Ji Hyo အဖြစ် ဆိုရှယ်မီဒီယာ တွေမှာ အကောင့်အတုတွေ ပြုလုပ်နေမှုကို သတိပေးပြောကြားလိုက်ပါတယ်။

အေဂျင်စီကပြောကြားရာမှာ "မင်းသမီး Song Ji Hyo ရဲ့ တရားဝင် အကောင့်က @my_songjihyo ပါ။ Instagram မှာ မင်းသမီး Song Ji Hyo ရဲ့ အကောင့်အတုတွေ တွေ့နေရပါတယ်။ ပရိသတ်တွေ အနေနဲ့ မင်းသမီး ရဲ့ အကောင့်အတု နဲ့ အစစ်ကို ခွဲခြားသိမြင်နိုင်ဖို့ နဲ့ အကောင့်အတု ပြုလုပ်သူတွေကို သတိပေးတဲ့ အနေနဲ့ ကျွန်တော်တို့ ဒီကြေငြာချက်ကို ထုတ်ပြန်တာပါ" လို့ပြောကြားသွားခဲ့ပါတယ်။

သတင်းထုတ်ပြန်ချက်အရ မင်းသမီး Song Ji Hyo အကောင့်အတုတွေ နဲ့ အမျိုးသမီးအလှကုန်ပစ္စည်း ကြေညာတွေကို မင်းသမီးတရားဝင် ပါ၀င်ခြင်းမရှိဘဲ မင််းသမီးပုံတွေနဲ့ ပို့စ်တွေတင်နေတာကိုတွေ့ရပါတယ်။ အေဂျင်စီ အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေပြုလုပ်နေပါတယ်။ မင်းသမီး Song Ji Hyo ကတော့ tvN ရဲ့ "Chief B and the Love Letter" ဆိုတဲ့ ဒရမ်မာဇာတ်ကားမှာ ပါ၀င်လာဖို့ရှိနေပါတယ်။

Source: Korean Entertainment 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။