လူသိများတဲ့ Rapper တွေထဲမှာ ဘကြီးဖြိုး နှင့် ဦးနေဝင်းက မပါမဖြစ်ပါ။ ယခု လက်ရှိမြန်မာနိုင်ငံမှာလည်း ဆေးလိပ်နှင့် မကင်းတဲ့ အဆိုတော်တွေများပါတယ်။ ဆေးလိပ်ရယ် အနေအထိုင်မဆင်ခြင်မှုရယ်ပေါင်းလိုက်တဲ့အခါ နှစ်ပတ်ကျော်ကျော်ဆေးရုံတက်လိုက်ရတဲ့ ဦးနေဝင်းတစ်ယောက်.....

သတင်းကျွတ် လပြည့်ကျော် တစ်ရက်ကတည်းက ဆေးရုံတက်နေရတယ်လို့ပြောပါတယ်။ အဆုပ်အအေးပတ်တာဖြစ်ပြီူ ဆေးလိပ်လည်းသောက်တဲ့အတွက်ကြောင့်ပိုဆိုးသွားတယ်လို့ဆိုပါတယ်။ သူက ရှိုးပွဲတွေ သွားဆိုတဲ့အခါမှာ ချွေးတွေထွက်တာကို အကျႌမလဲဘဲ အဲယားကွန်းဖွင့်ပြီးနေတတ်တဲ့ အတွက်ကြောင့်လည်းဖြစ်တယ်လို့ဆိုပါတယ်။

အခုတော သူဆေးလိပ်ဖြတ်ထားပြီး ကျန်မာရေးကောင်းအောင်ပြန်လုပ်နေတယ်လို့ဆိုပါတယ်။ ထို ကဲ့သို့ဆေးရုံတက်ခဲ့ရတဲ့အတွက်ကြောင့် သူ့ရဲ့ပထမဆုံး ရုပ်ရှင်ကားဖြစ်တဲ့ အယူတော် မင်္ဂလာ မှလဲ နှုတ်ထွက်ခဲ့တယ်လို့ဆိုပါတယ်။ သူ့ကြောင့် အနှောက်အယှက်ဖြစ်မှာဆိုးလို့ နှုတ်ထွက်ခဲ့တာလို့ဆိုခဲ့ပါတယ်။ ကဲ ကိုကိုတို့လဲ ဆေးလိပ်သောက်တာလေးတွေ လျော့သင့်ပြီနော်။

Source: Myanmarcelebrity

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။