ဂူဂျွန်ဖြိုးလို့ လူသိများခဲ့တဲ့ လီမင်ဟိုဟာ ကိုရီးယားနိုင်ငံမှာ အလှဆုံးမင်းသမီးလို့တောင်ပြောလို့ရတဲ့ ဆူဇီနဲ့ တွဲနေတာကိုတော့ လူတိုင်းသိကြမှာပါ။ ဒါပေမယ့် နှစ်ယောက်လုံဟာ အောင်မြင်တဲ့ သူတွေဖြစ်တာကြောင့် အချိန်မပေးနိုင်လို့ပြတ်သွားပြီလို့ သတင်းထွက်ခဲ့ပါတယ်။

ထိုကောလဟာလတွေက မှန်လား မမှန်ဘူးလားဆိုတာကိုတော့....

သူတို့ နှစ်ယောက်ဟာ လိုက်ဖက်တဲ့စုံတွဲတွေဖြစ်တာကြောင့် သူတို့ကို အားပေးတဲ့ပရိသတ်တွေကလဲ စိတ်ပူနေကြပါတယ်။

JYP Entertainment က ထုတ်ပြန်လိုက်တဲ့ သတင်းအရ အဖြေအတိအကျထွက်လာခဲ့ပါပြီ။ သူတို့နှစ်ယောက်ကတွဲနေတုန်းပါပဲတဲ့။

ထိုသတင်းကတော့ သူတို့နှစ်ယောက်အတွက်စိတ်ပူပေးနေတဲ့ ပရိသတ်တွေရဲ့ ပူပန်မှုကို လျော့သွားစေပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၁၅၊ မတ်လ ထဲကတွဲနေကြတာပါ။

တော်ပါသေးရဲ့နော်။

translated by Anna

Source: OSEN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။