ခိုင်နှင်းဝေ ပြောပြတဲ့ သူမရဲ့ အိမ်ထောင်ရေး အကြောင်း

အနုပညာလောကရဲ့ နာမည်ကြီး သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခိုင်းနှင်းဝေဟာ သူမရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အားလုံးက လက်ခံအားပေးကြတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ အလှူ ရေးမှာလည်း လက်မနှေးတဲ့အပြင် ပရိသတ်တွေကိုလည်း ဖော်ဖော်ရွေရွေဆက်ဆံလေ့ရှိတဲ့သူမကို ပရိသတ်တွေကလည်း ချစ်ကြပါတယ်။ ဒါပေမဲ့ အခုတလော Let's Talk အစီအစဉ်မှာ ခိုင်နှင်းဝေ ပြောပြသွားတဲ့ သူမရဲ့ အိမ်ထောင်ရေးအကြောင်းကို သိပြီးတဲ့အခါမှာတော့ ပရိသတ်တွေက သူမအပေါ် မိန်းမသားတစ်ယောက်အနေနဲ့ စာနာသနားနေကြတယ်ဆိုတဲ့ အကြောင်းလေးတွေ တွေ့နေရပါတယ်။ ခိုင်နှင်းဝေ အိမ်ထောင်ရေး ဘာတွေဖြစ်ခဲ့တာလည်း ဘယ်လို အိမ်ထောင်ရေး ဒုက္ခတွေ ပင်လယ်ဝေခဲ့သလည်း……………

ခိုင်နှင်းဝေဟာ သူမအောင်မြင်စပြုချိန် အသက် ၂၃ နှစ်အရွယ်မှာ အနုပညာအလုပ်တွေအားလုံးကို ရပ်နားခဲ့ပြီး သူမချစ်တဲ့သူနဲ့အတူ လက်ထပ်ခဲ့ပါတယ်။ အဲ့ခေတ် အဲ့အချိန်ကဆို ခိုင်နှင်းဝေ အောင်မြင်စပြုနေတဲ့အချိန်မို့ ပရိသတ်တွေက "ခိုင်းနှင်းဝေလေး နှမြောလိုက်တာ အောင်မြင်နေပြီကို" စသဖြင့် စသဖြင့် ဝေဖန်သံတွေလည်း ထွက်ပေါ်လာတာတွေ့ရပါတယ်။ သူမ ဘာကြောင့် စောစောစီးစီး အိမ်ထောင်ပြုခဲ့လဲ………

ဒါနဲ့ပတ်သတ်ပြီး ခိုင်နှင်းဝေက"ဟုတ်ပါတယ် အမ အဲ့တုန်းက ငယ်သေးတယ်။ ငယ်တယ်ဆိုတာထက် နည်းနည်းစောနေတယ်။ အဲ့အချိန်တုန်းက ကိုယ်ကလည်း အရမ်းအောင်မြင်နေတဲ့အချိန်။ ဒါပေမဲ့ အမကိုယ်တိုင်ကBroken famlily ကဆင်းသက်လာတယ်။ ပျော်ရွှင်သာယာတဲ့ မိသားစုလေးတွေ မြင်ရင် အရမ်းလည်းအားကျတယ်။ ကိုယ်တိုင်လည်း ဖန်တီးချင်တယ်။ အဲ့အချိန်တုန်းက အမမှာ ရည်းစားရှိနေပြီ။ အဲ့တုန်းက မေမေတို့က အရမ်းကြပ်တယ်။ ဖုန်းတွေဘာတွေတောင် ရှုတင်မှာပဲ ကိုင်ရတာ။ အိမ်မှာဆို ညဘက် ဖုန်းမပြောရဘူး။ မေမေတို့က အရမ်းစောင့်ရှောက်ခဲ့တာပါ။ ဒါပေမဲ့ အဲ့ကြားကနေ အမ ချစ်တဲ့သူနဲ့ လက်ထပ်ခဲ့တာ" ဆိုပြီး ပြောပြခဲ့ပါတယ်။

"လူတွေက မေးကြတယ် အနုပညာသမားတွေ ဘာကြောင့် အိမ်ထောင်ကွဲကြတာလဲပေါ့။ အများကတော့ အနုပညာသမားတွေ ခြေရှုပ်တယ် မကောင်းဘူးလို့ မြင်ကြတယ်။ တကယ်တော့ ဒါက လူတစ်ယောက်ရဲ့ ဗီဇနဲ့ပဲ သက်ဆိုင်တယ်။ အနုပညာသမားဆိုတော့ မီးမောင်းထိုးခံထားရတော့ တစ်ခုခုဖြစ်ပြီဆို လူသိများတာပေါ့။ အမလည်း ကိုယ်ထင်ထားတဲ့အတိုင်း ကိုယ်တကယ်ချစ်ရတဲ့သူနဲ့ အိမ်ထောင်ပြုတယ်။ သာသာယာယာပျော်ပျော်ရွှင်ရွှင် မိသားစုလေးကို ရမယ်လို့ အမမျှော်လင့်ခဲ့တယ်။ ဒါပေမဲ့လည်း ဒီလိုမျိုး ဖြစ်မလာတဲ့အခါမှာကျတော့……… အမစိတ်မကောင်းတော့ဖြစ်တယ်။ တကယ်တမ်းကျ အမကအရမ်းစိတ်ကြီးတယ်။ သမီးရည်းစားဘဝတုန်းကဆို ရန်ဖြစ်ပြီဆို နင်ဘာလဲ ငါဘာလဲ ကွဲမယ် ပြတ်မယ်ပေါ့။ ဒါပေမဲ့ အိမ်ထောင်ကျပြီး မိန်းမတစ်ယောက်ဖြစ်လာတဲ့အခါကျ အမ အိမ်ထောင်ကွဲတော့မယ်ဆိုတော့ အဆုံးစွန်ထိကို တွေးပီးမှ ကွဲခဲ့တာပါ။ မိန်းမတိုင်း ဒီလိုပဲဖြစ်မယ်လို့ ထင်ပါတယ်။ အမလေ ၂၀၀၈ ခုနှစ်မှာ ရုပ်ရှင်ပြန်ရိုက်တယ်။ "ဆွေတစ်ရာမောင်တစ်ကျိပ်" ဆိုတဲ့ဟာသဇာတ်ကားကြီးပေါ့။ အမသူ့ကိုပြောတယ်။ ဒီကားလေးရိုက်နေတုန်းတော့ ငါ့ကို ပျော်အောင်ထားနော်။ နင်အဆင်ပြေအောင်နေမှ ငါလည်း ရိုက်ရတာ အဆင်ပြေမှာ။ ရုပ်ရှင်ကားကြီးရိုက်တာ ဘယ်လောက်ကြာမှာလဲ ရက် ၂၀ ပေါ့။ ဒီ ရက် ၂၀ အတွင်းတော့ ငါ့ကိုပျော်အောင်ထားပေါ့။ ဒါပေမဲ့ အဲ့ရုပ်ရှင် ဇာတ်ကားကြီး စရိုက်တဲ့နေ့မှာပဲ သူ့မိန်းကလေးနဲ့ ချောင်းသာကို ခိုးရာလိုက်ပြေးသွားတယ်။ မောင်လေးစဉ်းစားကြည့်ပေါ့။ အမ အဲ့ဒီဟာသာကားမှာ အမ ရယ်ရအောင်သရုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ အမရင်ထဲက ခံစားချက်နဲ့က တစ်ခြားစီပဲ။ တကယ်ပါ အမဘဝမှာ ဒီဇာတ်ကားလေးကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ မေ့လို့ရမှာလည်းမဟုတ်ဘူး။

ဒီလိုနဲ့သူတို့တွေ ခိုးပြေးသွားကြတယ်။ ခိုးသွားပြီး ပြောင်ပြောင်ပဲ အိမ်ပေါ်ပြန်တက်လာတယ်။ နောက်ဆုံးတော့ အမ သူနဲ့လမ်းခွဲလာခဲ့တယ်။ အမ ကွဲသွားပြီးနောက်ပိုင်း ဇာတ်ကားပြန်ရိုက်တော့ အမရှက်သလိုလို ကိုယ်ကိုကို မဝံ့မရဲ ခံစားရတယ်။ အဲ့အချိန်မှာ ကိုယ်ကိုတိုင်ရော စိတ်ဓာတ်ပိုင်းရော ဘာတစ်ခု မပြင်ဆင်ရသေးဘူး။ အမနောက်ပိုင်း ကိုယ်စိတ့်ကို ပြင်ဆင်တယ်။ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ခွန်အားအဖြစ်ပြောင်းလဲခဲ့တယ်။ နောက်ပြီး အမအလုပ်ဖြစ်တဲ့ အနုပညာကို ပြန်လုပ်တယ်။ အမ အိမ်ထောင်ကွဲပြီးနောက်ရိုက်တဲ့ ကားတွေမှာ အမက ဗီလိန်ပုံစံပြောင်းသွားတယ်။ "ကျွန်မက မဟေသီ" လို ဇာတ်ကားမျိုးတွေမှာ အမက လူကြမ်းအနေနဲ့ သရုပ်ဆောင်ခဲ့တယ်။ အဲ့ကျတော့ လူတွေက အမ ပရိသတ်တွေက အမကို အိမ်ထောင်ကွဲတုန်းကလည်း အမဒီလိုပဲ ကြမ်းခဲ့သလားပေါ့။ တကယ်တော့ အမက အကြမ်းခံခဲ့ရတာပါ။(ရယ်လျက်)

နောက်ဆုံးအနေနဲ့ အမအရမ်းအံ့သြသွားတာ တခြားမဟုတ်ဘူး။ အမ အမျိုးသားနဲ့ ဖောက်ပြန်နေတဲ့သူက အမတို့ အနုပညာလောကထဲက အမတို့သိတဲ့ အမကိုလည်းသိတဲ့ သူတစ်ယောက် ဖြစ်နေတာကိုပဲ။ အခုချိန်မှာတော့ အားလုံးပြီးသွားပါပြီ။ အမအနေနဲ့ အမ အမေဘေးမှာ နေပြီး အမ စောင့်ရှောက်သွားတော့မယ်" ဆိုပြီး ပြောသွားခဲ့ပါတယ်။

ခိုင်းနှင်းဝေရဲ့ အိမ်ထောင်ရေး ဘဝကို သိရတာ စိတ်မကောင်း ဝမ်းနည်းဖြစ်မိပါတယ်။ ဒါပေမဲ့ ဘဝကို ပြန်တည်ဆောက်ပြီး ခေါင်းမော့နေထိုင်နေတဲ့ သူမကိုတော့ ချီးကျူ းလေးစားမိပါတယ် ပရိသတ်ကြီးရေ………………

Source: Let's Talk

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။