ခေါင်းဆောင်ကောင်းရဲ့ အရည်အချင်းဆိုတာက ကိုယ်တိုင် အကဲဖြတ် သတ်မှတ်ထားတာမျိုး မဟုတ်ဘဲ ပတ်ဝန်းကျင် (သို့မဟုတ်) လုပ်ငန်းခွင် အသိုင်းအဝိုင်းက သတ်မှတ်ပေးတာမျိုးပါ။ ဒါ့ကြောင့် ခေါင်းဆောင်ကောင်း ဟုတ် မဟုတ် အကဲဖြတ်နိုင်ဖို့အတွက် ရှိသင့်တဲ့ အရည်အချင်းများကို ဖော်ပြလိုက်ပါတယ်။

(၁) ကိုယ့်ကိုယ် ကိုယ် တိုးတက်အောင် အမြဲလုုပ်ဆောင်နိုင်သူ

(၂) ကိုယ့်ကိုယ် ကိုယ် စိတ်ဓာတ်အင်အား တိုးတက်မြင့်မားအောင် ကြိုးစားနေသူတွေ

(၃) ကိုယ့်ရဲ့ ခေါင်းဆောင်ကို အမြဲတော်အောင် ပ့ံပိုးပေးနေသူ

(၄) သူတစ်ပါးကို တော်အောင်၊ တိုးတက်အောင် ပြုစုပျိုးထောင်သူ

(၅) ကိစ္စတိုင်းမှာ ပြုမူပြောဆိုမှုတွေနဲ့ ဆုံးဖြတ်ချက်တိုင်းက ဘက်လိုက်ခြင်း မရှိဘဲ မျှတသူ

(၆) ကိုယ်ဖြစ်ချင်တာကို အောင်မြင်ဖို့ ကိုယ့်ရဲ့ နောက်လိုက် (သို့မဟုတ်) အသင်းသားတွေကို လက်တွဲခေါ်သူ

(၇) မှန်ကန်ကောင်းမွန်သော ဆုံးဖြတ်ချက်များအတိုင်း ဦးဆောင်လမ်းပြနိုင်သူ

(၈) ကိုယ်ကိုယ်တိုင်ရော အခြားသူများကိုပါ စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းနိုင်သူ

(၉) သူတစ်ပါးကို နားလည်ပေးနိုင်သူ

(၁၀) တာဝန်ယူစိတ် ရှိသူ

ခေါင်းဆောင်ဆိုတာက နောက်လိုက်တွေထက် ခေါင်းဆောင်တွေ မွေးထုတ်ပေးနိုင်အောင် ကြိုးစားနေသူမျိုးပါ။ ခေါင်းဆောင်ဆိုတာမျိုးက ဘယ်လိုနေရာပဲရောက်ရောက် တန်ဖိုးရှိတတ်ပြီး မိမိကိုယ်တိုင်ရော ပတ်ဝန်းကျင် တစ်ခုလုံးကိုပါ အကူအညီပေး တိုးတက်စေပါတယ်။ ဒါ့ကြောင့် မိမိလည်း ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားဖို့ တိုက်တွန်းလိုက်ပါတယ်။ အောင်မြင်သော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေ ….  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။