မိန်းကလေးရယ်လို့ဖြစ်လာပြီဆိုရင်မိမိရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးကို လှလှ ပပဘဲ မြင်ချင်ကြမှာပါ။ သင်ဟာ ပလတ်စတစ် စာဂျရီ မလုပ်ချင်ဘူး၊ ဆေးတွေ မထိုးချင်ဘဲ သဘာဝအတိုင်း ရင်ဘတ်ကြီးချင်ရင်တော့....

တချို့ တချို့သောမိန်းကလေးတွေ အတွက်တော့ ရင်ဘတ်သေးတာဟာ ပြဿနာ တစ်ခုလိုဖြစ်လာပါတယ်။ ပွဲလမ်းသဘင်တွေသွားတဲ့အခါ ဂါဝန်တွေ ဝတ်တော့ မိမိရဲ့ ပြားချပ်နေတဲ့ ရင်ဘတ်ကို ကြည့်ပြီး ပျိုမေတစ်ချို့ စိတ်ညစ်ကြပါတယ်။ ဒီလိုမျိုးနည်းလေးတွေ သိထားရင်တော့ ကိုယ်ကြိုက်တဲ့ ပုံစံ၊ ကိုယ်ကြိုက်တဲ့ ဆိုဒ်ကိုပြောင်းလဲနိုင်ပြီပေါ့။

၁)Push-up Bra

သင်ဝတ်တဲ့ ဘရာ အမျိုးအစားကလည်း သင့်ရဲ့ ရင်ဘတ်ကိုပြောင်းခဲစေနိုင်ပါတယ်။ အတွင်းခံတွေရောင်းတဲ့ ဆိုင်မှာမေးကြည့်ရင် အလွယ်တကူဝယ်နိုင်တဲ့ Push-up Bra ကတော့ ပုံမှာပြထားတဲ့ အတိုင်း သင့်ရဲ့ ရင်ဘတ် ဆိုဒ်ကို သဘာဝကျကျ မြင့်တင်ပေးနိုင်ပါတယ်။ သူက ရင်မွှာ နှစ်ခုကို စုစည်းထားတဲ့ အတွက်ကြောင့် တစ်ခါတစ်လေ ဝတ်ရတာ အဆင်မပြေ ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ဝတ်နေကျဆိုရင် ကျင့်သားရသွားမှာဖြစ်တဲ့ အတွက် စိတ်ပူစရာမလိုဘူးနော်။

၂)အတွင်းခံနှစ်ထပ်ဝတ်ခြင်း

သင်က Push-up Bra ကို အလွယ်တကူ ရှာလို့ မတွေ့ခဲ့ဘူး၊ ဒါမှ မဟုတ်ဝယ်လို့ အဆင်မပြေဘူးဆိုရင် အတွင်းခံနှစ်ထပ်ဝတ်လို့ အဆင်ပြေပါတယ်။ ကိုယ်နှင့် ကွက်တိ ဖြစ်တဲ့ အတွင်းခံကို အရင်ဝတ်ပြီးမှ နည်းနည်း ချောင်တဲ့ အတွင်းခံကိုဝတ်ပါလို့ အကြံပေးပါရစေ။ အဲ့ဒါဆိုရင် မသိမသာ နှင့် ထုထည်နည်းနည်းကြီးတဲ့ ပုံပေါက်မှာပေါ့နော်။ ပုံထဲမှာ ပြထားတာကတော့ သူက Push-up Bra ကို အောက်မှာခံပြီးတော့ နည်းနည်း ချောင်တဲ့ Bra ကို ထပ်ဝတ်ထားတာပါ။ နေရတာတော့ မသက်မသာ ဖြစ်နိုင်ပေမယ့် လှချင်တော့လည်း ခံပေါ့မေရာ။

၃)Pads တွေခံခြင်း

ဒီနည်းကတော့ သက်သောင့်သက်သာ အဖြစ်ဆုံးဖြစ်မယ်လို့ထင်ပါတယ်။ သူ့ကိုလည်း အတွင်းခံရောင်းတဲ့ဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရပါတယ်။ သူကကျတော့ ရင်ဘတ်ကို ပိုလည်းကြီးစေပြီး ပိုလဲ လှပစေမှာဖြစ်ပါတယ်။ ရိုးရိုးကိုယ်ဝတ်နေကျ Bra မှာ ထည့်လို့ရသလို Push-up Bra ကိုဝတ်ပြီး ထည့်လို့ရပါတယ်။ Silicon လိုမျိုး အပျော့သားရယ် အမာသားရယ်ရှိတော့ မိမိစိတ်ကြိုက်ရွေးဝယ်ပေါ့နော်။ အလက်ဂျစ်ဖြစ်တတ်တဲ့ သူတွေ အနေနှင့်ကတော့ Pads ခံခြင်းကို မပြုလုပ်ဖို့ အကြံပေးပါရစေ။ အရမ်းပူအိုက်တဲ့ အချိန်ကျရင် ချွေးတွေထွက်ပြီး ယားမှာဆိုးလို့ပါ။

၄)မိတ်ကပ်ဖြင့်ပြုပြင်ခြင်း (Contour လုပ်ခြင်း)

ဒီနည်းကတော့ မိတ်ကပ်ပြင်နေကျ မမတွေ အတွက်တော့ အလွယ်ဆုံးပါ။ ပုံမှာ ပြတဲ့ အတိုင်း မိတ်ကပ်အညိုရယ် အဖြူရယ်ကို ဆွဲပြီး blend လုပ်ရုံပါဘဲ။ အကုန်အကျ များခြင်းမများခြင်းကတော့ ကိုသုံးတဲ့ မိတ်ကပ် brand အပေါ်မူတည်ပါတယ်။ ရေတွေကစားရမဲ့ နေရာတို့ ချွေးထွက်မဲ့ နေရာတို့ဆိုရင်တော့ ဒီနည်းက နည်းနည်းရှော့ရှိတယ်နော်။ တော်ကြာ ဝင်သွားတော့အကောင်း ထွက်လာတော့ ဒုက္ခရောက်နေဦးမယ်။

အပေါ်က နည်းတွေက အကုန်အကျများလို့ ဒါမှ မဟုတ် သင့်ရဲ့ နဂို အရွယ်ထပ် အရမ်းကြီးသွားလို့ မကြိုက်ဘူး၊ ဒါမှ မဟုတ် အဆင်မပြေဘူးဆိုရင်တော့ သင့်ရဲ့ နေထိုင်ပုံကိုပြောင်းလဲဖို့ အကြံပေးပါရစေ။ ကျောကုန်းကို မတ်မတ်ထားပြီး ဗိုက်ကလေးနည်းနည်းချပ်ထားရင်လည်း အထောက်အပံ့ဖြစ်သလို သင်ရွေးချယ်တဲ့ အဝတ်အစား အမျိုးအစားကလည်း အရေးကြီးပါတယ်။ ပွပွယယကြီးဝတ်ထားမယ်ဆိုရင်တော့ ဘယ်နည်းသုံးသုံး အဆင်ပြေမှာမဟုတ်ပါဘူး။ ကြိုးမပါတဲ့ အကျႌတွေက သင့်ရင်ဘတ်ကို ပိုပေါ်လွင်စေပြီး ပိုမိုလှပစေပါတယ်။ ရင်ဘတ်နားမှာ accessories တွေနှင့် အလှဆင်တာဟာလည်း မဆိုးပါဘူး။ ဆွဲကြိုးရှည်ရှည်တွေဆွဲတာ၊ လော့ကတ်ကြီးကြီးတွေဝတ်တာကလည်း အထောက်အပံ့ဖြစ်စေတယ်နော်။

တချို့သူတွေက တော့ ရင်ဘတ်ကြီးပြီးဘာလုပ်မှာလဲ သူများကြည့်တာခံချင်လို့လားဆိုပြီးပြောလာခဲ့ရင်တော့ မိန်းကလေးတွေဟာ မိမိခန္ဓာကိုယ်နှင့် မိမိ လုပ်ချင်တာ လုပ်ပိုင်ခွင့်ရှိပါတယ်။ သူများကြည့်ဖို့ ပြတာမဟုတ်သလို မှန်ကြည့်တိုင်း လှပနေတဲ့ သူမ၊ ယုံကြည်ချက်အပြည့်ရှိတဲ့ သူမကို မြင်ချင်လို့ဖြစ်ပါတယ်။ ယောက်ျားလေးတွေ သူတို့ ဆံပင်ကို သူတို့ သ သလို ဂျယ်လ်တွေလိမ်းသလို၊ ပုဆိုးချက်ပြုတ်ဝတ်သလို၊ ဘောင်းဘီ ချက်ပြုတ်ဝတ်သလိုမျိုး မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိချင်လို့ဝတ်ကြတာ လုပ်ကြတာဖြစ်တဲ့ အတွက် အကောင်းဘတ်က မြင်ပေးပါလို့ပြောချင်ပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။