မန္တလေးကိုအစောဆုံးသွားခဲ့တဲ့မြန်မာ့လက်ရွေးစင်အသင်း


မြန်မာ့လက်ရွေးစင်အသင်းကြီးဟာလာမယ့်ငါးရက်နေ့မှာ

ထိုင်းလက်ရွေးစင်အသင်းကြီးနဲ့ခြေစမ်းပွဲကစားမှာပါ။

မန္တလာသီရိအားကစားကွင်းကြီးထဲမှာကျင်းပမယ့်

အဆိုပါခြေစမ်းပွဲကိုကြည့်ဖို့မန္တလေးမြို့ကပရိသတ်တွေ

စိတ်လှုပ်ရှားနေကြပါပြီ။သူတို့ချစ်တဲ့လက်ရွေးစင်အသင်းကြီး

ကစားပုံတွေကိုမျက်ဝါးထင်ထင်တွေ့မြင်ကြရတော့မှာ

မဟုတ်လား၊


အောင်သူ၊ကျော်ကိုကိုတို့ပါဝင်တဲ့မြန်မာ့လက်ရွေးစင်

အသင်းဟာဒီနေ့ညနေမှာပဲရန်ကုန်မြို့ကနေလေယာဉ်ပျံနဲ့

မန္တလေးမြို့ကိုစောစီးစွာရောက်ရှိလာခဲ့တာပါ၊မြန်မာ့လက်ရွေး

စင်အသင်းမန္တလေးမြို့မှာရာသီဥတု၊ကွင်းအနေအထား

စသည်တို့နဲ့အသားကျအောင်စောရောက်နေတာဖြစ်ပြီး

ထိုင်းလက်ရွေးစင်အသင်းကတော့ရောက်မလာသေး

ပါဘူး။ထိုင်းအသင်းရဲ့အဓိကကွင်းလယ်လူချန်နာတစ်တောင်

ဒီနေ့မှဂျပန်ကပြန်လာတာပါ။



မြန်မာအသင်းအနေနဲ့မန္တလေးကိုအစောဆုံးရောက်ပြီး

လေ့ကျင့်ခန်းတွေစောစောစထားနိုင်တာထိုင်းအသင်း

နဲ့ရင်ဆိုင်ရာမှာအားသာချက်တစ်ခုပါပဲ။ပရိသတ်အားနဲ့

သာပေါင်းစပ်လိုက်ပြီဆိုရင်မြန်မာအသင်းအနေနဲ့ထိုင်ကို

တူတူတန်တန်ဆော့နိုင်မယ်လို့ယုံကြည်မိပါတယ်။

မြန်မာအဉ်းဟာဒီပွဲပြီးရင်ကာဂျစ်အသင်းနဲ့

အာရှဖလားခြေစစ်ပွဲနွဲရမှာပါ။ဒါကြောင့်ဒီပွဲဟာ

ကာဂျစ်နဲ့ပွဲအတွက်အကောင်းဆုံးပြင်ဆင်မှုဖြစ်လာပါစေလို့

ဆန္ဒပြုလိုက်ပါတယ်။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။