ရုရှား ရဲ့ မကြာသေးမီက စစ်ရေးလေ့ကျင့်မှု ဟာ ခက်ခဲရှုပ်ထွေးပြီး ကြီးမားတဲ့ စစ်ဆင်ရေးတွေကိုဆောင်ရွက်နိုင်စွမ်း ရှိ ရုံသာမက ခေတ်မှီ နည်းပညာတွေကို အသုံးချနိုင်စွမ်းရှိပြီး အမေရိကန်နဲ့ မည်သည့် နိုင်ငံကိုမဆို စစ်ပွဲဖြစ်ပွားပါက ယှဉ်ပြိုင်နိုင်စွမ်းရှိနေကြောင်း အမေရိကန် နဲ့ မဟာမိတ် နိုင်ငံများမှ တာဝန်ရှိသူများမှ ပြောကြားလိုက်ပါတယ်။

ပင်တဂွန် နဲ့ နေတိုး တို့ရဲ့ ဒီ ရုရှား ရဲ့ မကြာသေးမီက စစ်ရေးလေ့ကျင့်မှုကို အကဲဖြတ်ရာမှာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး ပြီးဆုံးဖို့ လပိုင်းများစွာကြာမြင့်နိုင်ခြေရှိတယ်လို့ အကဲဖြတ်ကြပါတယ်။ ရုရှား နိုင်ငံ ကတော့ ဒီ စစ်ရေးလေ့ကျင့်မှု မှာ စစ်သည် ပေါင်း ၁၃၀၀၀ ထက်မနည်းပါ၀င်ပြီး အကြမ်းဖက်မှု ဆန့်ကျင်ရေး လေ့ကျင့်မှု တွေလည်းပါ၀င်ကြောင်းပြောဆိုထားပါတယ်။

လပေါင်းများစွာ ကြာမြင့်မယ့် ဒီလေ့ကျင့်မှုဟာ ရှရှား သမ္မတ ဗလာဒီမာပူတင် ရဲ့ ရှရှား နိုင်ငံ ရဲ့ စစ်အင်အားကို ပြသဖို့ အားထုတ်မှု တစ်ခုဖြစ်ပြီး ဒီ လေ့ကျင့်မှု မှာ ရုရှား ရဲ့ တိုးတက်လာတဲ့ အုပ်ချုပ်ထောက်ပံ့မှု စနစ်တွေ နဲ့ နည်းပညာသစ်တွေကို ထုတ်ပြနိုင်ခဲ့ပါတယ။် ခေတ်မှီ ဒရုံး များအသုံးပြုမှု ကို လည်းလေ့ကျင့်မှု တိုင်းမှာ ပါ၀င်လာခဲ့ပါတယ်။

Source: The New York Times

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။