မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ လက်ပါးစ်မားအသင်းကို ၃ ဂိုး ဝ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အနိုင် ၃ မှတ်ကိုထပ်မံရယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ယခုပွဲကို လုံခြုံရေးအရ ပရိတ်သတ်မပါပဲ ကစားခဲ့ရတာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ပွဲစဉ် ၇ အပြီးမှာတော့ ရှုံးပွဲမရှိပဲ ရာနူန်းပြည့်နိုင်ပွဲနဲ့ ဇယားထိပ်ဆုံးမှ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မက်ဆီ၊ အလက်ဆစ် ဗီဒယ်၊ ဆွာရက်၊ ဘက်စကွက်စ်၊ ပေါ်လင်ဟို၊ ရော်ဘတ်တို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လက်စ်ပါးမား အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ အကွီလာနီ၊ ကွာရက်မာ၊ ကာလာရီ၊ ဗီအဲယာ၊ ဆန်တာနာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းမှာ လက်ပါစ်မားအသင်း က တိုက်လျှောက်တိုက်စစ်ဆင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ဘာစီလိုနာရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာ နှစ်သင်းစလုံးဟာ ဂိုးမရှိသရေရလဒ် နဲ့ ပြီးဆုံးခဲ့ပါတယ်။ဒုတိယပိုင်း ပြန်စလို့ ၄၉ မိနစ်မှာတော့ ဘက်စကွက် က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မိနစ် ၇၀ မှာတော့ မက်ဆီက ဒုတိယဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းအတွက် နောက်ဆုံးဂိုးကိုတော့ ၇၇ မိနစ်မှာ မက်ဆီကပဲ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။