တနင်္ဂနွေညက အဂ်လန်ပရီးမီးယားလိဂ် ပွဲစဉ်(၇)များကို ကစားခဲ့ကြပါတယ်။ လက်ရှိဇယားထိပ်ဆုံးမှာတော့ မန်ချက်စတာစီးတီးကရပ်တည်နေပါတယ်။ တနင်္ဂနွေညမှာတော့ အာဆင်နယ်နှင့် လီဗာပူး တို့ ကစားခဲ့ကြပါတယ်။ အသင်းကြီးတွေဖြစ်တာနှင့်အညီ အမှတ်၃မှတ်ရယူဖို့ ကစားခဲ့ပါတယ်။ လီဗာပူးအသင်းကတော့ အဝေးကွင်းမှာ နယူးကာဆယ်နှင့် ကစားခဲ့ပါတယ်။ နယူးကာဆယ်နည်းပြ ဘင်နီတက်အနေဖြင့် အသင်းဟောင်း လီဗာပူးကို ယှဉ်ပြိုင်ခဲ့ရတာပါ။ 

နစ်သင်းစလုံးအနေဖြင့် အနိုင်၃မှတ်ကို ရဖို့ ကစားခဲ့ကြပါတယ်။ ပွဲစတယ်ဆိုတာနှင့် အပြိ်ုင်အလှန် ကြိုးစားကန်ခဲ့ကြပါတယ်။ ပွဲမှာတော့ လီဗာပူးအသင်းက ဦးဆောင်ဂိုးကို ရရှိခဲ့ပါတယ်။ အဆိုပါဂိုးကိုတော့ လီဗာပူးအသင်း၏ကစားသမား ကော်တင်ဟိုက အဝေးကနေ လှလှပပ သွင်းယူခဲ့တာပါ။ သိပ်မကြာခင်မှာပဲ နယူးကာဆယ်အသင်းက ချေပဂိုး၁ဂိုး ပြန်ရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ ပွဲချိန် ၃၆မိနစ်မှာ ဂျိုဆီလူက သွင်းခဲ့တာပါ။ 

ဒါ့ကြောင့် နှစ်သင်းစလုံးအနေနှင့် ဂီုးထပ်မံမသွင်းယူဘဲ ၁-၁ဂိုးဖြင့် ပွဲက ပြီးဆုံးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ လီဗာပူးအသင်း၏ ကစားသမားဟောင်း ကာရေဂါ ကတော့ လီဗာပူးအသင်း၏ တိုက်စစ်မှူး စတာရစ်ချ်ကို ဝေဖန်ခဲ့ပါတယ်။ ကာရေဂါက စတာရစ်အနေဖြင့် အပိုင်လုံးတွေကိုဖြုန်းကာ ဂိုးတွေသွင်းနိုင်ခဲ့သင့်ကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် စတာရစ်နေရာမှာ လူကာကူ မိုရာတာ ဟယ်ရီကိန်း တို့သာဆိုရင် ဂိုးသွင်းယူနိုင်လိမ့မည်ဟု ဝေဖန်ခဲ့တာပါ။

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။