အိုဘားမား နဲ့ ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ တို့ အမေရိကန်နိုင်ငံမှာ ကျင်းပ တဲ့ မသန်စွမ်းသူများ အားကစား ပွဲမှာ အတူကြည့်ရှုအားပေးခဲ့ကြပါတယ်။ သူတို့ နှစ်ယောက်ရဲ့ ပကာသန မပါတဲ့ ပွဲလာကြည့်တဲ့ ပုံတွေ ကြောင့် အမေရိကန်လူမှုကွန်ယက်မှာ လူပြောများနေပါတယ်။

အိုဘားမား နဲ့ ဗြိတိန်တော်ဝင် မင်းသားဟယ်ရီ တို့ဟာ မသန်စွမ်းသူများ အားကစား ပွဲကို အတူကြည့်ရှုရင်း ရင်းရင်းနှီးနှီး စကားစမြည်ပြောဆိုခဲ့ကြပါတယ်။ အိုဘားမား ကတော့ စကားပြောဆိုရင်း ရံဖန်ရံခါ ဟက်ဟက်ပက်ပက် ရယ်မောနေတာကို တွေ့ရပါတယ်။

အိုဘားမား နဲ့ ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ တို့ဟာ မသန်စွမ်းသူများ အားကစားပွဲ မှာ ပါ၀င်ယှဉ်ပြိုင်သူများ နဲ့လည်း တွဲဖက်ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။ မသန်စွမ်းသူများ ကို စိတ်ဓာတ်မြှင့်တင်ပေးဖို့၊ အားပေးဖို့ အခုလို မသန်စွမ်းသူများ အားကစားပွဲကို တက်ရောက်အားပေးခဲ့တာပါ။ ပွဲ အပြီးမှာ ပါ၀င်ကစားသူများကို လည်းနှုတ်ဆက်ခဲ့ပါသေးတယ်။

Source: US News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။