မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ အိမ်ကွင်းမှာ အက်စပန်ညိုအသင်းကို ၂ ဂိုး ဝ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အနိုင်၃ မှတ်ကိုရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခုနိုင်ပွဲကြောင့် အဆင့် ၅ နေရာထိ ရောက်ရှိလာခဲ့တာဖြစ်ပြီး အဆင့် ၁ နေရာက ဘာစီလိုနာအသင်းနဲ့ ၇ မှတ်ကွာဟနေပြီး အဆင့် ၂ နေရာက ဆီဗီလာအသင်းနဲ့ ၂ မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ရော်နယ်ဒို၊ အဆန်စီယို၊ အစ္စကို၊ ကရူး၊ မိုဒရစ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အက်စပန်ညိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂွာရာဒို၊ မိုရီနို၊ ဘာတစ်စတာအို၊ ဒါဒါ၊ ဖူဂို၊ ရိုဂါ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အနေ နဲ့ တိုက်လျှောက်ဖိအားပေးကစားနိုင်ခဲ့ပေမဲ့ နှစ်ဂိုးနဲ့သာ ပွဲကပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်အသင်းအတွက် အဖွင့်ဂိုးကိုတော့ မိနစ် ၃၀ မှာ အစ္စကို က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးတဲ့ အချိန်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ၁ ဂိုး အသာနဲ့ ဦဆောင်နေခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်ဆုံးဂိုးကိုတော့ ၇၁ မိနစ်မှာ အစ္စကို ကပဲ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။