တနင်္ဂနွေညက အဂ်လန်ပရီးမီးယားလိဂ် ပွဲစဉ်(၇)များကို ကစားခဲ့ကြပါတယ်။ လက်ရှိဇယားထိပ်ဆုံးမှာတော့ မန်ချက်စတာစီးတီးကရပ်တည်နေပါတယ်။ တနင်္ဂနွေညမှာတော့ အာဆင်နယ်နှင့် လီဗာပူး တို့ ကစားခဲ့ကြပါတယ်။ အသင်းကြီးတွေဖြစ်တာနှင့်အညီ အမှတ်၃မှတ်ရယူဖို့ ကစားခဲ့ပါတယ်။

အာဆင်နယ် အသင်း အနေဖြင့် လက်ရှိအချိန်မှာ တက်နိုင်သမျှ အမှတ်တွေ မလေ့လွင့်အောင် ကစားနေပါတယ်။ ဒါ့ကြောင့် အာဆင်နယ် အနေဖြင့် ဘရိုက်တန်ကို လူအင်အားအပြည့်ဖြင့် ထွက်ရှိရင်ဆိုင်လာပါတယ်။ ပွဲစတယ်ဆိုတာနှင့် အာဆင်နယ်တို့ တရပ်စပ်တိုက်စစ်ဆင်ခဲ့ပါတယ်။ အာဆင်နယ်အနေဖြင့် ပွဲပထမပိုင်းမှာ တင် ဦးဆောင်ဂိုးကို ရရှိခဲ့ပါတယ်။

ဒီဂိုးကိုတော့ အာဆင်နယ်ကစားသမား မွန်ရီယယ်က ပွဲချိန် ၁၆မိနစ်မှာ သွင်းယူခဲ့တာပါ။ အာဆင်နယ်အနေဖြင့် ထပ်မံဖိကစားနေခဲ့ပြီး ပွဲချိန် ၅၆မိနစ်မှာ နောက်တစ်ဂိုး သွင်းယူခဲ့ပါတယ်။ အဆိုပါဂိုးကိုတော့ ဆန်းချက်ရဲ့ နောက်ပေါက်နှင့်ချပေးမှုကနေ အီဝိုဘီက သွင်းယူခဲ့တာပါ။ အာဆင်နယ်အနေဖြင့် ပွဲအပြီးမှာတော့ ဘရိုက်တန်ကို ၂-၀ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။

Hein (Mg Lu Aye) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။