စပိန်နိုင်ငံတွင် ကတ်တလန်ဒေသခွဲထွက်ရေးမှာ တဖြည်းဖြည်းနှင့် အရှိန်ဟုန်မြင့်လာသည်။ ကတ်လတန်သားများအနေဖြင့် ခွဲထွက်ရေးတောင်းဆိုနေသည်မှာလည်း ကြာမြင့်လှပြီဖြစ်သည်။ တနင်္ဂနွေနေ့က ရုန်းရင်းခတ်ဆန်မှုများ ဖြစ်ပွားခဲ့သောကြောင့် ကတ်တလန်အသင်းဖြစ်သည့် ဘာစီလိုနာ၏ ပွဲကို ပရိသတ်မပါဘဲကစားခဲ့ရသည်။ ဒါ့အပြင် စပိန်အစိုးရက ပိတ်ပင်ထားသည့် ခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲတွင် မဲထည့်ရန် အောက်တိုဘာ ၁ ရက်က ကက်တာလိုးနီးယားဒေသထဲမှ လမ်းများပေါ်သို့ လူထောင်နှင့်ချီ၍ ရောက်လာကြသည်။ သို့သော် အဓိကရုဏ်းထိန်း လက်နက်များကို ကိုင်ဆောင်ထားသည့် စပိန်ရဲများသည် ကက်တာလိုနီးယားဒေသ တစ်ဝန်း၌ တက်ကြွ လှုပ်ရှားသူများ ဖွင့်ထားသည့် မဲရုံများကို ၀ိုင်းရံကာ မဲပုံးများအား သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။ သို့သော် ဒေသတွင်း အစိုးရ၏ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ကျန်းမာရေးစင်တာ၊ လူအိုရုံ အစရှိသည့်နေရာများတွင် ဖွင့်ထားသော မဲရုံများတွင် မဲပေးမှုများ ရှိနေသည်ဟု သိရသည်။

ဘာစီလိုနာတွင်မူ ရဲများသည် ဆန္ဒခံယူပွဲတွင် မဲပေးလိုနေကြသည့် ဆန္ဒပြသူများကို ရာဘာကျည်များဖြင့် ပစ်ခတ်ခဲ့ကြရာ ဒဏ်ရာရသူ အများအပြား ရှိခဲ့သည်။ လူဦးရေ ခုနစ်သန်းကျော်ရှိပြီး နိုင်ငံအရှေ့မြောက်ပိုင်းတွင် တည်ရှိသည့် ချမ်းသာကြွယ်ဝသော ကက် တာလိုနီးယားဒေသထဲတွင် အောက်တိုဘာ၌ လာရောက်မဲပေးရန် လူ ၅ ဒသမ ၃ သန်းကို ဖိတ်ခေါ်ထားသည်။ မဲရုံများကို စဖွင့်ကတည်းက ရဲများသည် လူထုကို မဲမထည့်နိုင်စေရန် တားမြစ်ကြရင်း ၀ရုန်းသုန်းကားဖြစ်စဉ်များ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ သို့သော် ဒေသတွင်း အစိုးရ၏ ပြောကြားချက်အရ ကက်တာလိုနီးယားဒေသ၏ သမ္မတကားလက်စ်ပူဒီမွန့်သည် ကွန် နယ်လာဒယ်တာရီရှိ မဲရုံတစ်ရုံတွင် မဲပေးပြီးပြီဟု သိရသည်။ ကက်တာလိုနီးယား ရုပ်သံကလည်း စပိန်နိုင်ငံထဲတွင် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးနိုင်ငံရေး အကျပ်အတည်းတစ် ခု ကို ဖြစ်ပေါ်စေသည့် ဆန္ဒခံယူပွဲအခြေအနေများအား ပြသလျက်ရှိကြောင်း သိရသည်။

ယခုဆန္ဒခံယူပွဲနှင့်ပတ်သက်၍ ဒေသထဲတွင် သဘောထား ကွဲလွဲနေကြသော်လည်း လူအများစုက တရားဝင်မှုရှိသော ဆန္ဒခံယူပွဲတွင် မဲပေးလိုနေကြသည်။ အောက်တိုဘာ ၁ ရက် ဆန္ဒခံယူပွဲတွင် မည်သို့ရလဒ် ထွက်လာသည် ဖြစ်စေ စပိန်အစိုးရက အသိအမှတ်ပြုမည် မဟုတ်သကဲ့သို့ နိုင်ငံတကာ အသိုင်းအဝိုင်း အားလုံးနီးပါးကလည်း အသိအမှတ်ပြုမည် မဟုတ်ပေ။ သို့သော် ကက်တာလိုနီးယား ခွဲထွက်ရေးခေါင်းဆောင်များက ၎င်းတို့၏ ဆန္ဒခံယူပွဲ တရားဝင်မဝင်အတွက် မဲလာပေးသူဦးရေပေါ်တွင် အားထားနေကြသည်။ စပိန်ပြည်ထဲရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၃၀ ရက်က ထုတ်ပြန်ချက်အရ ရဲများသည် ကက်တာလိုနီးယားဒေသတစ်ဝန်းတွင် ဖွင့်ထားသည့် မဲရုံ ၂,၃၁၅ ရုံအနက် အများစုကို ပိတ်ထားလိုက်ပြီဟု ဆိုသည်။ သို့သော် ကျန်ရှိသည့် မဲရုံဒါဇင်ပေါင်းများစွာအား ကျောင်းဆရာများ၊ ကျောင်းသားများ၊ မိဘများနှင့် တက်ကြွ လှုပ်ရှားသူများက လူထုကို မဲပေးခွင့်ပြုရန် သိမ်းပိုက်ထားကြကြောင်း သိရသည်။ လယ်သမားများ၊ မီးသတ်သမားများကလည်း မဲရုံများကို ကာကွယ်သွားမည် ဟု ကတိပြုထားကြသည်။

Source – Eleve

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။