မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်လီဂါ ပွဲစဉ်မှာ ဟာသာဘာလင်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ တစ်ဖက် ၂ ဂိုးစီနဲ့ သရေကြခဲ့တာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းက ဦးဆောင်ဂိုး နှစ်ဂိုးသွင်းယူထားခဲ့ပေမဲ့ ဟာသာဘာလင်အသင်းရဲ့ ချေပဂိုး နှစ်ဂိုး ကို ပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် တစ်မှတ်စီခွဲယူခဲ့တာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ ယခုသရေပွဲရလဒ်ကြောင့် အဆင့် ၁ နေရာက ဒေါ့မွန်အသင်းနဲ့ ၅ မှတ်ကွာဟခဲ့ပြီလည်းဖြစ်ပါတယ်။

ဟာသာဘာလင်ရဲ့ပွဲထွက်လူစာရင်းမှာတော့ ကာလူး၊ ဟာရာဂူချီ ၊ ဒူဒါ၊ လက်ကီရာ၊ ဒါရီဒါ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ လီဝန်ဒေါစကီး၊ ရီဘာရီ၊ မူလာ၊ ရော်ဘင်၊ တိုလီဆို၊ ဂျာဗီမာတီနက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ တစ်ဖက်သက် ဖိအားပေးကစားနိုင်ခဲ့ပေမဲ့ သရေတစ်မှတ်သာ ကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲစလို့ ၁၀ မိနစ်မှာပဲ ဟမ်းမက် က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းမှာ ဘိုင်ယန်မြူးနစ်အသင်းက ၁ ဂိုးအသာနဲ့ ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်း ၄၉ မိနစ်မှာတော့ လီဝန်ဒေါစကီး က ဘိုင်ယန်အတွက် ဒုတိယဂိုးကို သွင်းယူပေးခဲတာလည်းဖြစ်ပါတယ်။၅၁ မိနစ်မှာတော့ ဒူဒါက ဟာသာဘာလင်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး နောက် ငါးမိနစ်အကြာမှာပဲ ကာလူးက အိမ်ရှင်အသင်းအတွက် နောက်ထပ်ချေပဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။