မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ နာပိုလီအသင်းဟာ ကယ်ဂလီယာရီအသင်းကို ၃ ဂိုး ဝ ဂိုး နဲ့ ဂိုးပြတ်သွင်းယူခဲ့ပြီး အနိုင်သုံးမှတ်ကို ထပ်မံရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။နာပိုလီအသင်းဟာ တိုက်စစ်ခြေစွမ်းပြသနေတဲ့ အသင်းဖြစ်ပြီး ပျှမ်းမျ တစ်ပွဲကို နှစ်ဂိုး သွင်းယူနေတာလည်းဖြစ်ပါတယ်။နာပိုလီအသင်းဟာ ရာနူန်းပြည့်နိုင်ပွဲရယူထားခဲ့ပြီး ပြိုင်ဘက် ဂျူဗင်တပ်အသင်းကို နှစ်မှတ်ဖြတ်ထားပြီး အဆင့် ၁ နေရာမှာ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။ 

နာပိုလီအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အစ်ဇနီ၊ မာတင်၊ ကယ်လီဂျွန်၊ ဟမ်ဆစ်၊ ဖယ်ဟို ၊ မားကွက်စ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ကယ်ဂလီယာရီအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆော၊ ပါဗိုလက်တီ၊ ဘာရယ်လာ၊ ဂါရယ်ဒီနို၊ စီဂါရီနီ၊ လိုနီတာတို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ကယ်ဂလီယာရီအသင်းသာ ဒီထက်ပိုပြီး နာပိုလီအသင်းကို မထိန်းချုပ် နိုင်ခဲ့ရင် ၃ ဂိုးထက် ပိုမို ဂိုးတွေ ပေးရဖွယ်ရှိခဲ့တာလည်းဖြစ်ပါတယ်။

နာပိုလီအသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲစလို့ ၄ မိနစ်မှာပဲ ဟမ်ဆစ် က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးခါနီး မိနစ် ၄၀ မှာ ဒရိုင်းမာတင် က ပယ်နယ်တီကနေတဆင့် နာပိုလီအသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးခဲ့တဲ့ အချိန်မှာတော့ နာပိုလီအသင်းက နှစ်ဂိုးအသာ နဲ့ ဦဆောင်နေခဲ့ပါတယ်။ဒုတိယပိုင်း ၄၇ မိနစ်မှာ တော့ နာပိုလီအသင်းအတွက် နောက်ဆုံးဂိုးကိုတော့ ကော်လီဘယ်လီ က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။