မန်ချက်စတာယူနိုင်တက် အသင်းကတော့ လက်ရှိအချိန်မှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသထားပါတယ်။ မန်ချက်စတာယူနို်င်တက်သာမက မန်ချက်စတာစီးတီးကပါ ရလဒ်တွေကောင်းနေပါတယ်။ မန်ချက်စတာမြို့ခံ၂သင်းက ဇယားထပ်ဆုံးမှာ အမှတ်တူ ဂိုးကွာခြားချက်ဖြင့် အထက်အောက်ရပ်တည်နေပါတယ်။

ခရစ္စတယ်လ် ပဲလေ့စ်ကို အိုးလ်ထရက်ဖို့ဒ်မှာ ၄-၀ နဲ့ သက်တောင့်သက်သာ အနိုင်ယူခဲ့ပြီးနောက် ယူနိုက်တက်ဟာ ရမှတ်တူ၊ ဂိုးကွာခြားချက်အရ အမှတ်ပေးဇယား ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် အဆင့် ၆ နေရာနဲ့ ရာသီသိမ်းခဲ့ပေမယ့် ရာသီသစ်မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဖွင့် ရ ပွဲမှာ ၆ ပွဲနိုင်၊ ၁ ပွဲသရေကျပြီး ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တိုက်စစ်မှူး လူကာကူကလည်း ဂိုးသွင်းအများဆုံးအဖြစ်ရပ်တည်နေပါတယ်။ 

သို့သော် မန်ချက်စတာယူနိုင်တက်အသင်း၏နည်းပြ မော်ရင်ဟိုက ထူးထူးဆန်းဆန်းမှတ်ချက်တွေပေးခဲ့ပါတယ်။ မော်ရင်ဟိုက ယူနိုက်တက်ဟာ ဒီရာသီ ချန်ပီယံဆုကို စိန်ခေါ်နိုင်ပြီလို့ မပြောနိုင်သေးကြောင်း သုံးသပ်ပါတယ်။ “ခုနစ်ပွဲပဲ ရှိပါသေးတယ်။ ဒီကိစ္စပြောဖို့ အရမ်းစောလွန်းနေသေးတယ်” လို့မှတ်ချက်ပေးခဲ့တာပါ။ မန်ချက်စတာယူနိုင်တက် အသင်း၏ နည်းပြ မော်ရင်ဟိုကတော့ အကွက်တွေရွှေ့နေပုံရပါတယ်။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။