ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ မင်းသမီး အပြောင်းအလဲ ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ရိုက်ကူးမယ့် “ဖွားဘက်တော်” ရုပ်ရှပ်ဇာတ်ကားမှာ ယခင်က မင်းသမီး သင်ဇာဝင့်ကျော်နဲ့ ရိုက်ကူးဖို့ စီစဉ်ထားခဲ့ပေမယ့် “သူ့နာမည်ရွှေရုပ်” ဇာတ်ကားနှင့် ပတ်သက်ပြီး ပြဿနာ ဖြစ်ခဲ့တာကြောင့် မင်းသမီး ပိုင်ဖြိုးသုနဲ့ ရိုက်ကူးမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ဖွားဘက်တော်” ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က ရိုက်ကူးပြီး အကယ်ဒမီနေတိုး၊ အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ ဇင်ဝိုင်း၊ ဇွဲနိုင်ဝင်း၊ ထူးခြား၊ နေရဲ၊ သိန်းလင်း၊ ပိုင်ဖြိုးသု နှင့် ရွှေသမီး တို့က ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ အခြား အနုပညာရှင်များလည်း ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

“သူနာမည်ရွှေရုပ်”ဇာတ်ကားရိုက်ကူးနေစဉ်မှာပဲ မင်းသမီး သင်ဇာဝင့်ကျော်၊ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)နှင့် ထုတ်လုပ်သူမင်းသမီး မိုးဟေကိုတို့နဲ့ ပြဿနာများ ဖြစ်ပွားခဲ့တဲ့ ကိစ္စနှင့် ပတ်သက်ပြီး အခုလို မင်းသမီး အပြောင်းအလဲ ဖြစ်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ဖွားဘက်တော်” ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာ(၁)ရက်နေ့ကစပြီး သန်လျင်မှာ စတင်ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Source – 7day Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။