မြောက်ကိုရီးယား နိုင်ငံ ဟာ ကမ္ဘာပေါ်မှာ အလျှို့ဝှက်ဆုံး နိုင်ငံတွေထဲကတစ်ခုပါ။ သူ့နိုင်ငံတွင်းဝင်ရောက်မှုကို အလွန်ကန့်သတ်ထားပြီး၊ ဓာတ်ပုံရိုက်ခြင်း ကို လည်း တားမြစ်ပြီး ထိန်းချုပ်ထားပါတယ်။ မည်သူမဆို တကယ့်အစစ်အမှန် မြောက်ကိုရီးယားကို မြင်တွေ့ဖို့ခက်ခဲပါတယ်။ ဓာတ်ပုံဆရာ Tariq Zaidi ဟာ တရုတ်နယ်စပ် Dandong ကနေ ပြုံယမ်း ထိုမှတစ်ဆင့် အရှေ့ဘက် ကမ်းရိုးတန်း Wonsan ကို သွားရောက်ပြီး ဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။

ဓာတ်ပုံဆရာ Tariq Zaidi ကပြောကြားရာမှာ သူ့အနေနဲ့ မြင်ကွင်းစုံ ကိုရိုက်ကူးနိုင်ခဲ့ပါတယ်။ မြောက်ကိုရီးယားပြည်သူတွေ လမ်းဘေးစားသောက်ဆိုင်တွေမှာ ထိုင်စားနေပုံတွေ၊ ကလေးတွေ ကျောင်းသွားနေပုံ၊ နေ့စဉ်ပြည်သူတွေ အလုပ်သွားနေပုံ၊ သွားလာ လှုပ်ရှားနေပုံ စသည်တို့ကို ရိုက်ကူးနိုင်ခဲ့ပါတယ်။

ဓာတ်ပုံဆရာ Tariq Zaidi က ဆက်လက်ပြောကြားရာမှာ ကျွန်တော့်ဓာတ်ပုံတော်တော်များများ လည်း မြောက်ကိုရီးယား အာဏာပိုင်တွေ ရဲ့ ဖျက်ခြင်းကို ခံခဲ့ရပါတယ်။ ဒီပုံတွေကတော့ ကျွန်တော့်ကို သိမ်းဆည်းခွင့်ပြုခဲ့တဲ့ပုံတွေပါလို့ သူက ဆက်လက်ပြောပြသွားခဲ့ပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။