ကြီးမားပြီးကြောက်စရာကောင်းတဲ့ ငမန်းကောင် ဟာ သူ့ရဲ့ သွားတွေ နဲ့ ဓာတ်ပုံ ရိုက်သူတွေ ကို ရန်ဖီနေတဲ့ ပုံကို ရေငုပ်လေ့လာသူတွေက အမိအရ ရိုက်ယူနိုင်ခဲ့ပါတယ်။ ရေငုပ်သူတွေ ဓာတ်ပုံရိုက်နေတဲ့ လှောင်အိမ် ချိုင့်နားကနေ အဲ့ဒီ့ ကြီးမားတဲ့ ငမန်းကြီး ဖြတ်သန်းသွားချိန်မှာ တော့ ရေငုပ်ပြီး ဓာတ်ပုံရိုက်သူတွေ အဖို့ အလွန်ကြောက်လန့်ပြီး အံ့အားသင့်ခဲ့ရပါတယ်။

ငမန်းကောင်ကြီးဟာ ဗိုက်ဆာနေပုံပေါ်ပြီး လှောင်အိမ်ချိုင့် ရဲ့ သတ္တုတိုင်တွေကို ပါ ကိုက်ဖြတ်နေပုံကို မိမိရရ ဓာတ်ပုံရိုက်နိုင်ခဲ့ပါတယ်။ ရေငုပ်ပြီး ဓာတ်ပုံရိုက်သူ တစ်ဦးက “ကျွန်တော်တို့ အလွန်ထိတ်လန့်သွားခဲ့ရပါတယ်။ ငမန်းကောင်ကြီးဟာ လှောင်အိမ်ချိုင့် ရဲ့ သတ္တုတိုင်တွေကို ကိုက်ဖြတ်ပြီး ကျွန်တော်တို့ကို ပါစားဖို့လုပ်နေလို့ပါ၊ ဒါပေမယ့် သတ္တုတိုင်တွေက အလွန်ခိုင်ခံ့တာကြောင့် သူကိုက်ဖြတ်လို့မရခဲ့ပါဘူး” လို့ပြောကြားခဲ့ပါတယ်။

ငမန်းကောင် ရဲ့ ပုံရိပ်တွေမြင်ရသူ တွေ အဖို့ အလွန် အံ့အားသင့်ခဲ့ရပါတယ်။ ရေအောက် သဘာဝတရားကြီး ရဲ့ လှပမှု တွေကို လည်း မြင်တွေ့နိုင်ပါတယ်။ ကြည့်ရှုသူတွေကတော့ တကယ့်ကို ရင်သပ်ရှုမောဖွယ် ပါပဲလို့ မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။