ဝေဠုကျော်ဖောင်ဒေးရှင်းမှ ဝေဠုကျော်နှင့် အဖွဲ့သားများဟာ မောင်တောမြို့မှ အိမ်ပြန်လိုသူ စစ်ဘေးရှောင်ဒုက္ခသသည်များကို အိမ်ပြန်လိုက်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ မောင်တောမြို့နယ် အလိုတော်ပြည့် ဆရာတော်ကြီး အစီစဉ်ဖြင့် မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ်ကျေးရွာနှင့် ရွက်ညိုတောင်ကျေးရွာသားများကို ပြန်လည်လိုက်ပို့ခဲ့တာ ဖြစ်ပါတယ်။

ရွာပြန်သူများနှင့် ရွာမှာ ကျန်နေသူများအတွက် စားနပ်ရိက္ခာများကိုလည်း (၁၅)ရက်စာ ထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။ သရက်အုပ်ကျေးရွာမှာ ယခင်က အိမ်ထောင်စု(၁၃)စုရှိခြ့ပြီး ယခုအခါ အိမ်ထောင်စု (၁၀)စုသာ ရှိတော့တယ်လို့လည်း သိရပါတယ်။

ကျန်ရှိသည့် အိမ်ထောင်စုများကိုလည်း အိမ်ထောင်စု(၁၀)စုလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ကူညီခဲ့တယ်လို့ သိရပါတယ်။ ရွက်ညိုတောင်ရွာမှာလည်း ယခင်က မိသားစု အိမ်ထောင်(၄၅)စု ရှိသော်လည်း ယခုအခါ (၂၅)စုသာ ကျန်ရှိပြီး ကျန်ရှိတဲ့ မိသားစုများအတွက် အိမ်ထောင်(၁)စုလျှင် (၁၀၀၀၀)ကျပ်နှုန်းစီဖြစ်လည်း ကူညီထောက်ပံံ့မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။