မန်ချက်စတာစီးတီးအသင်း၏ဂိုးသမား ဂျိုးဟတ်က ယခုအခါ ၀က်စ်ဟမ်းတွင်ကစားနေပါတယ်။ ဂျိုးဟတ်အနေဖြင့် အငှားသွားကစားနေပါတယ်။ ဂျိုးဟတ်က ယမန်နှစ်ကလည်း အငှားကစားခဲ့ရပါတယ်။ မနှစ်ကတော့ စီးရီအေကလပ် တိုရိနိုအသင်းမှာ ကစားခဲ့ရပါတယ်။

ဂျိုးဟတ်အနေဖြင့် ဂွာဒီယိုလာ မန်ချက်စတာစီးတီး ရောက်ကတည်းက နေရာမရခဲ့တာပါ။ ဂွာဒီယိုလာအနေဖြင့် ဂီုးသမားကိုပါ ကစားကွက်ထဲဝင်ကစားစေချင်ခဲ့တာပါ။ ဒါပေမယ့် ဂျိုးဟတ်အနေဖြင့် အံဝင်ခွင်ကျမဖြစ်ခဲ့ပါဘူး။ ဒါ့ကြောင့် ဂွာဒီယိုလာအနေဖြင့် ဂျိုးဟတ်ကို အငှားချခဲ့တာပါ။

ဒါ့ကြောင့် ဂျိုးဟတ်က "ကျွန်တော်အသက်၂၂နှစ်တုန်းကမက်ဟုချ်ဒီလိုမျိုးလုပ်ခဲ့တုန်းကအခုချိန်ထက်ပိုပြီးဒေါသထွက်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ဒီလိုအခြေအနေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာမသိခဲ့ပါဘူး။ ဂွာဒီယိုလာလက်အောက်မှာဒီလိုဖြစ်ခဲ့တဲ့အခါမှာတော့ကျွန်တော့်အနေနဲ့တိုက်ပွဲဝင်သွားဖို့ပြင်ဆင်ခဲ့ပြီး မျှတမှုရှိတဲ့ပြိုင်ပွဲဟာကျွန်တော့်အတွက်ကောင်းမွန်ပါတယ်။ တကယ်လို့ကျွန်တော်ရှုံးခဲ့ရင်လည်းပြိုင်ဘက်ကိုလက်ဆွဲနှူတ်ဆက်သွားမှာပါ။ ဒါပေမယ့်ကျွန်တော့်အတွက်မျှတတဲ့ပြိုင်ပွဲဆိုတာရှိလာမှာမဟုတ်ဘူးလို့သိခဲ့ရတဲ့အချိန်မှာတော့ကျွန်တော်အသင်းပြောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ စိတ်ပျက်စရာတော့မရှိပါဘူး။ အနိုင်ရတဲ့သူကတစ်ယောက်ပဲရှိမှာပါ။ သူကတော့မန်စီးတီးကိုတာဝန်ယူကိုင်တွယ်နေတဲ့သူပဲဖြစ်မှာပါ။ သူဟာပါဝါတော်တော်ရှိပါတယ်။ စီးတီးဟာသူ့ကိုရဖို့တော်တော်တိုက်ပွဲဝင်ခဲ့ရပြီး သူဟာဆုံးဖြတ်ချက်ချမှတ်နို်င်သူပါ။ ဒါကိုသူကျွန်တော့်ကိုလုပ်ခဲ့ပါတယ်။" လို့ပြောသွားပါတယ်။

Source – Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။