မန္တလာမြေမှာလေ့ကျင့်ခန်းစလုပ်နေပြီဖြစ်တဲ့ထိုင်းအသင်း

လာမယ့်5ရက်နေ့ညနေ6:30အချိန်မှာမြန်မာအသင်းနဲ့

ထိုင်းအသင်းရင်ဆိုင်ကစားကြတော့မှာပါ။မြန်မာအသင်းနဲ့

ရင်ဆိုင်ကစားမယ့်ထိုင်းအသင်းဟာမနေ့ကညနေက

မန္တလေးမြို့ကိုရောက်ရှိလာခဲ့ပါတယ်။ခရီးရောက်မဆိုက်

ဆိုသလိုပဲထိုင်းအသင်းဟာလေ့ကျင့်ခန်းအစီအစဉ်

တွေကိုပြုလုပ်ခဲ့ပါတယ်။

မန်မာအသင်းကတော့ထိုင်းအသင်းထက်မန္တလေးမြို့ကို

စောရောက်ပြီးလေ့ကျင့်မှုတွေပြုလုပ်နေခဲ့တာပါ။ထိုင်း

အသင်းဟာနာမည်ကြီးကစားသမားတွေအစုံအလင်နဲ့

မန္တလေးကိုလာရောက်ခဲ့တာပါ။ထိုင်းနည်းပြသစ်

မီလိုဗန်အတွက်တော့မြန်မာနဲ့ခြေစမ်းပွဲဟာသူ့ရဲ့

ပထမဆုံးအရှေ့တောင်အာရှဒါဘီအတွေ့အကြုံဖြစ်လာမှာပါ။

မြန်မာပရိသတ်တွေရဲ့အားပေးကြမ်းမှုကိုလည်းသူ့အနေနဲ့

မျက်ဝါးထင်ထင်တွေ့ကြံုရတော့မှာပါ။

မြန်မာအသင်းဟာ10ရက်နေ့မှာကာဂျစ်နဲ့အရေးကြီးခြေစစ်ပွဲကို

ရန်ကုန်မှာပြန်ကစားမှာပါ။ထိုင်းနဲ့ပွဟြာကာဂျစ်နဲ့ပွဲအတွက်အကောင်းဆုံးပြင်ဆင်မှုတစ်ရပ်ဖြစ်လာမှုပါ။

ထိုင်းအသင်းအနေနဲ့လည်းမြန်မာနဲ့ပွဲပီးရင်ဘန်ကောက်မှာကင်ညာနဲ့ခြေစမ်းပွဲကစားမှာပါ။

ထိုင်းနဲ့မြန်မာတို့ရဲ့ခြေစမ်းပွဲကိုထိုင်းရုပ်သံလိုင်းဖြစ်တဲ့ထိုင်းရက်

TVကတိုက်ရိုက်ထုတ်လွင့်ပြသွားမယ်လို့သိရပါတယ်။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။